Politics, Law & Military
စစ်ကိုင်း တိုင်းဒေသကြီး ၊ ကသာမြို့နယ် အတွင်း တရားမဝင်သစ် တန် ၂၀ ကျော် ဖမ်းဆီး ရမိ
ရန်ကုန် ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ)
စစ်ကိုင်း တိုင်းဒေသကြီး ၊ ကသာမြို့နယ် ဆိပ်ငူဘိနယ်၊ ဒိုးပင်ကျေးရွာ၊ သက္ကယ်ကျင်းကျေးရွာနှင့် မိုးလုံးရွာ နှင့် အင်ကြား ရွာကြားများမှ တရားမဝင်သစ် တန် ၂၀ ကျော် ဖမ်းဆီး ရမိခဲ့ကြောင်း သစ်တော ဦးစီးဌာန ထံမှ သိရသည်။
တရားမဝင်သစ် ရှာဖွေဖေါ်ထုတ် ဖမ်းဆီးခြင်းအား ကသာမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်း များ၊ သစ်တော လုံခြုံရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၆ ရက်တွင် တရားမဝင် ကျွန်းသစ်/ခွဲသား (၁၁၉) လုံး/ချောင်း (၂၀.၆၅၅၄)တန်၊ အင်ဂျင် (၁)လုံးနှင့် လွှဝိုင်း (၄)ဝိုင်းအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုဖမ်းဆီးရမိသစ်များနှင့် ဆက်စပ်ပတ်သက်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)