Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၌ ကျည် ၁၀၀ တောင့် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသည့် ကျည်တောင့်များအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၌ S&B 7.65 Br 13 MM( .32 Auto) ကျည် ၁၀၀ တောင့် ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ ၀၁း၂၀ နာရီအချိန် လှည်းကူးမြို့မရဲစခန်း(ပ) ၁၀၂၇/ ၂၀၁၈၊ လက်နက်အက်ဥပဒေပုဒ်မ ၁၉(ဃ)/၁၉(စ)အမှု စက်တင်ဘာလ ၃၀ ရက်နေ့ ၁၁း၃၀နာရီအချိန် လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းကျေးရွာ ရဲတံခွန်အဝေးပြေးကား လက်မှတ် အရောင်းဆိုင်၌ ငြိမ်းချမ်းအောင်-စိစစ်ဆဲမှ အပ်နှံသည့် တပ်ကြပ်ကြီး အောင်မြတ်သူ အမည်ပါ သံသေတ္တာ ၂ လုံးအတွင်းမှ ၅.၅၆ ကျည် ၉၅၀၄ တောင့်ဖမ်းဆီးရမိမှု)နှင့်ပတ်သက်၍ ၁၃း၀၀နာရီ အချိန်တွင် လှိုင်သာယာ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မိုးကျော်ကျော် ဦးစီးအဖွဲ့သည် စမ်းချောင်းမြို့နယ် မြေနီကုန်း (မြောက်)ရပ်ကွက် ပြည်ဂါးဒင်းအိမ်ရာဝင်ပေါက်အနီး၌ ဇော်ဇော်ထက်လူ(၄၅)နှစ် အား 7E-xxxx မာစီဒီးယာဉ်နှင့်အတူ ဖမ်းဆီးရမိ၍ ၎င်းခန္ဓာကိုယ်နှင့် ယာဉ်ပေါ်အား ရှာဖွေရာ လက်နက်ခဲယမ်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့ကြောင်း၊ ၎င်းနောက် ၁၄း၀၀နာရီ အချိန်တွင် အဆိုပါ ပူးပေါင်းအဖွဲ့သည် ဇော်ဇော်ထက်လူ၏ နေအိမ်သို့ ဆက်လက်ရှာဖွေရာ ၎င်း၏အိပ်ခန်း အတွင်းရှိ TV စင်အောက်၌ ပလပ်စတစ်ဖြင့် ထုပ်ထားသော S&B 7.65 Br 13 MM(.32 Auto)ကျည် ၁၀၀ တောင့်အား တွေ့ရှိခဲ့ သဖြင့် ၂၂း၃၀ နာရီ အချိန်တွင် ဇော်ဇော်ထက်လူအား လှိုင်သာယာမြို့မ ရဲစခန်း(ပ)၃၆၉၁/၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိပါကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.