Connect with us

Politics, Law & Military

ရွှေ့ပြောင်းလုပ်ကိုင်မှု၌ ဒီဂျစ်တယ်နည်းပညာသုံးနိုင်ရေး ဆက်လက်ကူညီပေးဖို့လိုအပ်

ရွှေ့ ပြောင်းလုပ်သားဆိုင်ရာ (၁၁) ကြိမ်မြောက် အာဆီယံဖိုရမ်အတွက် အကြိုညှိနှိုင်း အစည်းအဝေး တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

လုံခြုံစိတ်ချရသော ရွှေ့ပြာင်း သွားလာ လုပ်ကိုင်မှုဖြစ်စေရေး လုပ်ငန်းစဉ်များ၌ ဒီဂျစ်တယ် နည်း ပညာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေး ဆက်လက်ကူညီပေးဖို့လိုအပ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့ ပြောကြားသည်။

“လုံခြုံစိတ်ချရတဲ့ ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှုဖြစ်စေရေး လုပ်ငန်းစဉ်များမှာ ဒီဂျစ်တယ် နည်းပညာ အသုံးပြုနိုင်ဖို့က စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေ များစွာ ရှိနေပါတယ်၊ ဒါကြောင့် e-Government စနစ် ဖွံ့ဖြိုး တိုးတက်လာစေရေး အပါအဝင် ဒီဂျစ်တယ် နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု နိုင်စေရေးအတွက် ဆက်လက် ကူညီပံ့ပိုးပေးဖို့ မေတ္တာရပ်ခံလိုပါတယ်”ဟု နေပြည်တော် သင်္ဂဟဟိုတယ်တွင် ယနေ့ ပြုလုပ်သော ရွှေ့ပြောင်း လုပ်သားဆိုင်ရာ (၁၁) ကြိမ်မြောက် အာဆီယံ ဖိုရမ်အတွက် နိုင်ငံအဆင့် သုံးပွင့်ဆိုင် အကြို လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ၎င်းက ပြောခဲ့သည်။

ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်လိုသူများအတွက် မှန်ကန်သော သတင်း အချက်အလက် နှင့် အရင်းအမြစ်များ ရရှိဖို့ များစွာ အရေးကြီးကြောင်း၊ မှန်ကန်တိကျသော သတင်းအချက်အလက် များ ရရှိရေး၊ သတင်းအချက်အလက်များ ဖလှယ်ရေးတို့တွင် ဒီဂျစ်တယ်နည်းပညာက များစွာ အထောက်အကူ ဖြစ်စေကြောင်း၊ ရွှေ့ပြောင်း သွားလာလုပ်ကိုင်မှု စီမံခန့်ခွဲရေးတွင် ဒီဂျစ်တယ် နည်း ပညာကို အားထား ဆောင်ရွက်ရာတွင် ဒီဂျစ်တယ်နည်းပညာအား ကောင်းစွာ သဘောပေါက် နားလည်ဖို့ လိုသည့်အပြင် လျင်မြန်စွာ ပြောင်းလဲ ဖြစ်ပေါ်နေသည့် အလုပ်အကိုင် ဝန်းကျင်လောက နှင့် အနာဂတ် အလုပ်အကိုင်များ အခြေအနေတို့ကို ကောင်းစွာ သိမြင် နားလည်ဖို့လည်း လိုအပ် ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

ILO ၏ Triangle in ASEANနည်းပညာ အကြံပေး အရာရှိချုပ် Ms. Anna Engblom အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံး ပထမအတွင်းဝန် Ms. Heather McBride အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ရွှေ့ပြောင်းလုပ်သားဆိုင်ရာ (၁၁) ကြိမ်မြောက် အာဆီယံဖိုရမ်အတွက် အကြိုညှိနှိုင်း အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ပြည်ထောင်စု ဝန်ကြီးနှင့် ဧည့်သည်များ ပြခန်းများ လှည့်လည်ကြည့်ရှုစဉ် (ဆင်ဟွာ)

ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးများ ကာကွယ် စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံ စာတမ်း အကောင်အထည်ဖော်ခြင်းကို အထောက်အကူဖြစ်စေရန် စင်ကာပူနိုင်ငံတွင် ၂၀၁၈ အောက်တိုဘာ၂၉ ရက်မှ ၃၀ ရက်အထိ “ရွှေ့ပြောင်း လုပ်သားဆိုင်ရာ (၁၁) ကြိမ်မြောက် အာဆီယံ ဖိုရမ်”ကို ကျင်းပမည်ဖြစ်ပြီး အဆိုပါ ဖိုရမ်တွင် “အာဆီယံ ဒေသတွင်း ပြောင်းရွှေ့ လုပ်သားများ အတွက် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်များ မြှင့်တင် ဆောင်ရွက်ရန် ဒီဂျစ်တယ် နည်း ပညာ အသုံးပြုခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြမည် ဖြစ်သည်။ ယနေ့ ပြုလုပ်သည့် အစိုးရ၊ အလုပ်ရှင် နှင့် အလုပ်သမား၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ သုံးပွင့်ဆိုင် ဆွေးနွေးပွဲမှ ရလဒ်များကို အဆိုပါ အာဆီယံဖိုရမ်တွင် ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်သည်။

ယနေ့ နိုင်ငံအဆင့် သုံးပွင့်ဆိုင် အကြိုလုပ်ငန်း အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ပ အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေး ကော်မတီဝင်များ၊ တိုင်းဒေသ ကြီး/ ပြည်နယ် အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ILO မှ ကိုယ်စားလှယ်များ၊ TFAMW:_ Task Force on ASEAN Triangle Programme နှင့် UN အဖွဲ့အစည်းများမှ ကိုယ်စားးလှယ်များ၊ အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.