Politics, Law & Military
တပ်မတော် Y-8လေယာဉ် ပျက်ကျမှုမှ ရုပ်အလောင်း ၈၅ လောင်းထိတွေ့ရှိထား

ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
ပျက်ကျ တပ်မတော် Y-8လေယာဉ်ရှာဖွေရာတွင် ယနေ့ ဇွန် ၁၃ရက်နေ့ နံနက် ၉ နာရီထိ ရုပ်အလောင်း ၈၅ လောင်းထိရှာဖွေတွေ့ရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ယနေ့နံနက် ၉ နာရီတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသည့် မြေပြင်တပ်များက မရင်းကြီးကျေးရွာ အနီးနှင့် စမ်းလှမ်းကျေးရွာအနီးတို့၌ အမျိုးသားရုပ်အလောင်း ၁ လောင်း၊ ကျား/မ မခွဲခြားနိုင်ရုပ်အလောင်း ၁ လောင်း စုစုပေါင်းရုပ်အလောင်း ၂ လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့သဖြင့် ယခုအချိန်အထိ စုစုပေါင်းရုပ်အလောင်း ၈၅ လောင်း ရှာဖွေတွေ့ရှိပြီးဖြစ်ကြောင်း သိရသည်။(Xinhua)