Connect with us

Politics, Law & Military

ဒေါ်အောင်ဆန်းစုကြည်နှင့် သပိတ်မှောက်ကျာင်းသားများ တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် သပိတ်မှောက် ကျောင်းသားများ တွေ့ဆုံနေစဉ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားပညာရေး ဥပဒေမူကြမ်းကို သပိတ်မှောက်နေသော ကျောင်းသားများ ယနေ့ နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ကျောင်းသား များဘက်မှ သပိတ်မှောက်သည့် အခြေအနေများနှင့် အမျိုးသားပညာရေး ဥပဒေမူကြမ်းအပေါ်တွင်သပိတ်မှောက်ကျောင်းသားများ၏ သဘောထားများကို တင်ပြဆွေးနွေး ခဲ့သည်။

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ကျောင်းသားများ တင်ပြလာသည့် အထဲမှ လိုလားချက်များကို ထည့်သွင်းစဉ်းစားပြီး အမျိုးသားပညာရေး ဥပဒေမူကြမ်း အကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်းကူညီရမည့်နည်းလမ်းကို မေးမြန်းခဲ့ရာ ကျောင်းသားများက ဥပဒေပိုင်းဆိုင်ရာ ကိစ္စရပ်များ အဓိကကူညီပေးရန် ဒေါ်အောင်ဆန်းစုကြည်အား တင်ပြခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ သပိတ်မှောက်ကျောင်းသားများဘက်မှ (၁၂)ယောက် တက်ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင် ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ (Xinhua)