Politics, Law & Military
နတ်မြစ်အတွင်း လှေတစ်စင်းပေါ်က ငွေကျပ်သိန်း ၁၆၀၀ ကျော်သိတ်ကြွ္ဂရူးသွပ်ဆေးပြားများဖမ်းဆီးရမိ
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)
နတ်မြစ်အတွင်း လှေတစ်စင်းပေါ် မှ ရေစိုပျက်စီးနေသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၈၂၃၂၅ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၄၆ သိန်းကျော်)နှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးမှ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်သည် မတ် ၂၄ ရက် ည ၁၀ နာရီခန့်တွင် မောင်တောမြို့၏ အနောက်မြောက်ဘက် ၈ မိုင်ခန့်အကွာသို့အရောက်၌ တစ်ဖက်နိုင်ငံသို့ လှော်ခတ်သွားနေသည့် မသင်္ကာဖွယ်လှေတစ်စင်းအားတွေ့ရှိ၍ အချက်ပြခေါ်ယူသော်လည်း လာရောက်ခြင်းမရှိဘဲ လှော်ခတ် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ လှေပေါ်ပါသူများသည်လှေအားထားခဲ့ပြီး ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။
ယင်းလှေပေါ်မှ ရေစိုပျက်စီးနေသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၈၂၃၂၅ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၄၆ သိန်းကျော်)နှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါသိမ်းဆည်းရမိ သည့် မူးယစ်ဆေးဝါးများအား မောင်တောမြို့မ၊ မူးယစ်တပ်ဖွဲ့စုသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။ (Xinhua)