Connect with us

Politics, Law & Military

နိုင်ငံတကာ အချက်အလက် ရှာဖွေ ဖော်ထုတ်ရေး အဖွဲ့စေလွှတ်ရန် လူ့အခွင့်အရေး ကောင်စီ ဆုံးဖြတ်ချက် အား မြန်မာနိုင်ငံက သဘောတူ လက်ခံခြင်း မရှိကြောင်း ထုတ်ပြန်

နိုင်ငံခြားရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်(ဓာတ်ပုံ-MOFA)

ရန်ကုန် ၊ မတ် ၂၅ ရက်(ဆင်ဟွာ)

နိုင်ငံတကာ အချက်အလက် ရှာဖွေ ဖော်ထုတ်ရေး အဖွဲ့တစ်ဖွဲ့စေလွှတ်ရန် လူ့အခွင့်အရေး ကောင်စီ၏ ဆုံးဖြတ်ချက်အား မြန်မာနိုင်ငံက သဘောတူ လက်ခံခြင်း မရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ မတ် ၂၄ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်၏ ပကတိ အခြေအနေသည် ထိလွယ်ရှလွယ်ပြီး ဖြေရှင်းရန် စိန်ခေါ်မှု ကြီးမားနေဆဲ အခြေအနေ ဖြစ်ကြောင်း ၊ ထိုအခြေအနေမျိုးတွင် လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေ ဖော်ထုတ်ရေး အဖွဲ့ဖွဲ့စည်းခြင်းသည် ပြဿနာ ဖြေရှင်းရေး အတွက် အထောက်အကူ ပြုမည် မဟုတ်သည့် အပြင် ပြဿနာ ရပ်ကို ပိုမို ကြီးထွား စေမည်သာ ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။လက်ရှိ မြေပြင် အခြေအနေမှန်များ နှင့် လည်းကောင်း ၊ လက်ရှိ မြန်မာ နိုင်ငံ၏ ပကတိ အခြေအနေများ နှင့် လည်းကောင်း ၊ ကိုက်ညီမှုလည်း မရှိကြောင်း ၊ ဤသို့သော အခြေအနေများကြောင့် လည်းကောင်း ၊ နိုင်ငံတော် အစိုးရ အနေဖြင့် အေးချမ်း တည်ငြိမ်ရေး နှင့် ရေရှည် တည်တံ့သော ဖြေရှင်းချက်များ ရရှိရေး အတွက် အလေးအနက်ထား ကြိုးပမ်း ဖြေရှင်း နေခြင်းကြောင့် လည်းကောင်း လူ့အခွင့်အရေး ကောင်စီ၌ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်ရာတွင် ဆုံးဖြတ်ချက် တစ်ခုလုံးကို သဘောတူ လက်ခံ ပါဝင်ခြင်း မရှိကြောင်း(Dissociate) ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ နှင့် အတူ တရုတ် နိုင်ငံ ၊ အိန္ဒိယ နိုင်ငံ အပါအဝင် လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံများမှလည်း ဆုံးဖြတ်ချက်အား သဘောတူ လက်ခံ ပါဝင်ခြင်း မရှိကြောင်း ထုတ်ဖော် ကြေညာခြင်း ၊ အဆိုပါ နိုင်ငံတကာ အချက်အလက် ရှာဖွေဖော်ထုတ်ရေး အဖွဲ့စေလွှတ်ခြင်းကို လက်မခံကြောင်း ထုတ်ဖော် ပြောကြားခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း ထည့်သွင်း ဖော်ပြထားသည်။မြန်မာနိုင်ငံ အစိုးရသည် လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေးကို ကြိုးပမ်း ဆောင်ရွက် သွားရန် ခိုင်မာစွာ သန္နိဌာန် ချထားပြီး မြန်မာနိုင်ငံရှိ ပြည်သူများ အားလုံး၏ အကျိုး အတွက် လူ့အခွင့်အရေး တိုးမြှင့်ရေးကို တစ်စိုက်မတ်မတ် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ ထိုကြောင့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်မှ သုံးသပ် အကြံပြုချက် အများစုကို အချိန်မဆိုင်းဘဲ ထိရောက်သည့် လုပ်ငန်း အစီအစဉ်များ ချမှတ်ကာ အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။

ဂျီနီဗာမြို့တွင် မတ် ၂၄ ရက်တွင် ပြုလုပ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ၃၄ ကြိမ်မြောက် ပုံမှန် အစည်းအဝေး၌ ဥရောပ သမဂ္ဂမှ တင်သွင်းသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ ဆုံးဖြတ်ချက်ကို မဲမခွဲဘဲ ဆုံးဖြတ် အတည်ပြုလိုက်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ထိုဆုံးဖြတ်ချက်တွင် လူ့အခွင့်အရေး ကောင်စီမှ မြန်မာနိုင်ငံ၏ နိုင်ငံရေး ၊ စီးပွားရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှု ၊ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ၊ ကောင်းမွန်သော အုပ်ချုပ်မှု စနစ် နှင့် တရား ဥပဒေ စိုးမိုးရေး အပြင် လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေး နှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြိုဆိုထားကြောင်း ၊ တစ်ဖက်တွင်လည်း လူ့အခွင့်အရေး ကောင်စီ အနေဖြင့် လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေ ဖော်ထုတ်ရေး အဖွဲ့ တစ်ဖွဲ့ကို စေလွှတ်ရန်လည်း ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။(Xinhua)