Politics, Law & Military
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘရူနိုင်း ဒါရုဆလမ် နိုင်ငံသို့ သွားရောက်မည်

ရန်ကုန် ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ)
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဘရူနိုင်း ဒါရုဆလမ် နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနယ်လ် ဘိုကီးယား မူအစ်ဇာဒင် ဝါဒူလာ၏ ဖိတ်ကြားချက် အရ ဘရူနိုင်း ဒါရုဆလမ် နိုင်ငံ ၊ ဘန်ဒါဆာရီ ဘီဂါဝန်မြို့သို့မကြာမီ ကာလ အတွင်း သွားရောက်မည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ဘရူနိုင်း ဘုရင်၏ နန်းမွေ ဆက်ခံသည့် နှစ် ၅၀ ပြည့် ရွှေရတု အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်ရန် သွားရောက်ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)