Connect with us

Politics, Law & Military

တာလေမြို့တွင် ငွေကျပ် သိန်း ၈၀၀ တန်ဖိုးရှိ ကဖင်းများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူနှစ်ဦးအား ကဖင်းများ နှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

တာလေမြို့တွင် ငွေကျပ် သိန်း ၈၀၀ တန်ဖိုးရှိ ကဖင်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာ မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၄ ရက်နေ့ နံနက် ၀၉:၀၀နာရီ အချိန် တပ်မတော်သားများ၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ မိုင်းလင်းနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာလေမြို့၊ မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စု၊ ဝိန်းလန်းကျေးရွာ၊ ကိုရင်လေးဘုန်းကြီးကျောင်းရှေ့တွင်ကို— မောင်းနှင် လာသည့်မော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်၏နောက်ခန်းနှင့် အလယ်ခန်းအတွင်းတို့မှ ကဖင်း ၂၅ ကီလိုစီပါ ဆာလာအိတ် ၄၀ အိတ် (စုစုပေါင်း ကဖင်း ၁၀၀၀ ကီလို)တွေ့ရှိစစ်ဆေးနေစဉ် ထိုမော်တော်ယာဉ်၏ ရှေ့မှကပ်လျက်ရှိသည့် ကို–၏မော်တော်ယာဉ်သည် စစ်ဆေးခြင်းမခံဘဲ မောင်းနှင်ထွက်ပြေးသွား သဖြင့် ပိတ်ဆို့ရှာဖွေခဲ့ရာ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ တောင်သုံးလုံးစခန်းရှေ့၊ တာလေ-တာချီလိတ် ကားလမ်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို နှစ်ဦးတို့ အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲ တွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.