Connect with us

Politics, Law & Military

နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှုန်း ၇ ရာခိုင်နှုန်း ရရှိစေရန် မျှော်မှန်း ထားကြောင်း နိုင်ငံတော် သမ္မတ ပြောကြား

နိုင်ငံတော် သမ္မတ ဦးထင်ကျော် ဘဏ္ဍာရေး ကော်မရှင် (၃/၂၀၁၇) အစည်းအဝေးတွင် အမှာစကား ပြောကြားနေစဉ်(ဓာတ်ပုံ- Myanmar President Office)

ရန်ကုန် ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှုန်း GDP growth rate ကို ၇ ရာခိုင်နှုန်း ရရှိစေရန် မျှော်မှန်းထားကြောင်း ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ ၊ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ယနေ့ အောက်တိုဘာ ၂ ရက်တွင် ပြုလုပ်သော ဘဏ္ဍာရေးကော်မရှင် (၃/၂၀၁၇) အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မျှော်မှန်း ထားသော စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှုန်းကို ရရှိနိုင်ရန် နိုင်ငံတော် ဘတ်ဂျက် အပါအဝင် နိုင်ငံတော် တွင် ပြည်တွင်း ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။

ဘဏ္ဍာရေးကော်မရှင် (၃/၂၀၁၇) အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-Myanmar President Office)

ဘဏ္ဍာရေးကော်မရှင် (၃/၂၀၁၇) အစည်းအဝေးတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု နှင့် တိုင်းဒေသကြီး၊ ပြည်နယ် များ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများကို အတည်ပြုပေးရန်နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို အတည်ပြု ထောက်ခံ၍ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့နိုင်ရေး ဆွေးနွေးဆုံးဖြတ်ကြရန် ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးများကို အောက်တို ဘာလအတွင်း ကျင်းပရန် ရှိသည့် အတွက် ဥပဒေကြမ်းကို အောက်တိုဘာ ဒုတိယပတ် အတွင်း လွှတ်တော်သို့ ပေးပို့ရန် လျာထား ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

စိစစ်ပြီးသည့် ပြုပြင်ပြီး ခန့်မှန်းခြေ အရအသုံးစာရင်းတွင် လိုငွေကျပ် ၃၉၉၅ ဒသမ ၇၉၅ ဘီလီယံ ဖြစ်ပေါ်သည်ကို တွေ့ရကြောင်း သိရသည်။

လိုငွေပမာဏများပြားသည်နှင့်အမျှ နိုင်ငံတော်၏ ပြည်တွင်း ကြွေးမြီဝန်ထုပ်ဝန်ပိုး တစ်နှစ်ထက် တစ်နှစ် ပိုမိုလာမည်ကို ရှောင်ရှား နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က မူလခန့်မှန်းခြေအတိုင်း လိုငွေနှင့် ဂျီဒီပီအချိုးကို ၅ ရာခိုင်နှုန်းထက် ကျော်လွန်မှုမရှိစေရန် ထိန်းသိမ်းဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ရှင်းလင်း ပြောကြားခဲ့သည်။

ဖြည့်စွက်ခွင့်ပြုငွေတောင်းခံလာတိုင်း ခွင့်ပြုနိုင်မည် မဟုတ်ဘဲ ဘတ်ဂျက်လိုငွေကို ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းထက် မကျော်လွန်စေရေး၊ မူလခန့်မှန်း ငွေက လိုငွေနှင့် ဂျီဒီပီအချိုးထက် များစွာကွာဟမသွားစေရေးကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ဖြည့်စွက်ခွင့်ပြုငွေတောင်းခံလာတိုင်း ခွင့်ပြုနိုင်မည် မဟုတ်ဘဲ ဘတ်ဂျက်လိုငွေကို ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းထက် မကျော်လွန်စေရေး၊ မူလခန့်မှန်း ငွေက လိုငွေနှင့် ဂျီဒီပီအချိုးထက် များစွာကွာဟမသွားစေရေးကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက နိဂုံးချုပ်တွင် ထည့်သွင်း ပြောကြားခဲ့သည်။

အစည်းအဝေးသို့ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဘဏ္ဍာရေးကော်မရှင်ဒုတိယ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ အတွင်းရေးမှူး ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)