Politics, Law & Military
ပဲခူးရိုးမနယ်မြေအတွင်း လေးရက်အတွင်း တရားမဝင်သစ် ၁၉၇ တန် ဖမ်းဆီးရမိ
																								
												
												
											ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ)
ပဲခူးရိုးမနယ်မြေဧရိယာများအတွင်း CMRS စနစ်ဖြင့် တရားမဝင်သစ်များ ဖမ်းဆီးရာတွင် လေးရက်အတွင်း တရားမဝင်သစ် ၁၉၇ တန် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေါက်ခေါင်းမြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် ဖြူးမြို့နယ် တို့အတွင်း ဇန်နဝါရီ ၂၃ ရက်မှ ၂၆ ရက်နေ့အထိ တရားမဝင် ကျွန်းသစ်/ ကျွန်းခွဲခြမ်း/သဒီသစ်/ ပျဉ်းကတိုးသစ် စုစုပေါင်း (၁၁၂၅)ချောင်း/လုံး/ခြမ်း (၁၉၇.၇၂၀၆)တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသော တရားမဝင်သစ်များနှင့် ပတ်သက်ပြီး ကျူးလွန်သည့် တရားခံများအား ဖေါ်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)
