Connect with us

Politics, Law & Military

ပြည်ခိုင်ဖြိုး ပါတီတွင်း စည်းလုံး ညီညွတ်မှု စွမ်းအားကို တည်ဆောက်ရုံသာမက နိုင်ငံ၏ အဓိက အင်အားစုများနှင့် စုစည်း ညီညွတ်စွာ ကြိုးပမ်း ဆောင်ရွက်သွားမည် ဟုဆို

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီ ဒုတိယ ဥက္ကဌ ( ဥက္ကဌ ပူးတွဲ) ဦးဌေးဦး မှ မိန့်ခွန်း ပြောကြားနေစဉ် (ဓာတ်ပုံ-ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီ ဝက်ဘ်ဆိုဒ်)

ရန်ကုန် ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် ရွေးကောက်ပွဲတွင် တရားသဖြင့် အနိုင်ရရှိရေး အပါအဝင် ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ပါတီတွင်း ကျစ်လစ် ခိုင်မာသော စည်းလုံး ညီညွတ်မှု စွမ်းအားကို တည်ဆောက်ရုံသာမက နိုင်ငံတော်၏ အဓိက အင်အားစုများနှင့် လည်း စုစည်း ညီညွတ်စွာ ကြိုးပမ်း ဆောင်ရွက် သွားကြရမည်ဟု ပါတီ ဒုတိယ ဥက္ကဌ ( ဥက္ကဌ ပူးတွဲ) ဦးဌေးဦးက ယနေ့သြဂုတ်လ ၁၇ ရက် နေ့တွင် နေပြည်တော်ရှိ ပါတီဌာနချုပ်၌ ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် ကော်မတီနှင့် ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုး ပါတီသည် ပါတီဝင် တစ်ဦးချင်းနှင့် ပေါင်းစည်းထားသော အဖွဲ့အစည်းကြီး ဖြစ်ပါကြောင်း ပါတီ၏ လုပ်ဆောင်မှုများသည် တစ်ဦးချင်း ၊ တစ်ဖွဲ့ချင်း လုပ်ဆောင်နိုင်မှုများကို ဟန်ချက်ညီ ညှိနှိုင်း ပေါင်းစည်းထားသော စုပေါင်း လုပ်ဆောင်မှု ဖြစ်ပါကြောင်း ၊ ပါတီ၏ လမ်းညွှန်ဦးဆောင်မှု များသည် စုပေါင်း ဦးဆောင်မှုဖြစ်သည်။ ပါတီ၏ ရည်မှန်းချက်များကို မှန်ကန်ခိုင်မာစွာ ဦးဆောင်နိုင်ရန် အရွယ်စုံ ပါဝင်သည့် ထိရောက်စွာ ဆက်စပ် ဆောင်ရွက်နိုင်စွမ်းရှိသော ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီကို ပါတီ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းနှင့်အညီ ပြင်ဆင်ဖွဲ့စည်းထားကြောင်း ပါတီ ဒုတိယ ဥက္ကဌ (ဥက္ကဌ ပူးတွဲ) ဦးဌေးဦးက ပြောကြားခဲ့သည်။

ထို့အတူ ပြည်ခိုင်ဖြိုးပါတီမှ ချမှတ်ထားသည့် မူဝါဒ၊ လုပ်ငန်းစဉ်များ ပြောင်းလဲမှု မရှိပါကြောင်း ရွေးကောက်ပွဲ အတွက် ပါတီမှ အတည်ပြုထားသော ကိုယ်စားလှယ်လောင်းများလည်း ပြောင်းလဲမှု မရှိပါကြောင်း ၊ တိုးတက် ပြောင်းလဲဖြစ်ပေါ်လာသော နိုင်ငံတကာ ဆက်ဆံရေး အခြေအနေကိုလည်း ပိုမို တိုးတက်ခိုင်မာအောင် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ယင်းတွေ့ဆုံပွဲ အခမ်းအနား အစီအစဉ်များ မစတင်မီ ပါတီဥက္ကဌ ဦးသိန်းစိန်သည် ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များအား နှုတ်ဆက်ရန် ရောက်ရှိလာခဲ့ပြီး နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင် နေရသည့်အတွက် ပါတီဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း (၉၉/ခ) အရ ဒုတိယ ဥက္ကဌ ဦးရွှေမန်းအား လွှဲအပ်ထားခဲ့သည့် ဥက္ကဌ ပူးတွဲ တာဝန်ကို ဒုတိယ ဥက္ကဌ ဦးဌေးဦး ထံသို့လွှဲပြောင်း ပေးရသည့် ကိစ္စကို ရှင်းလင်း ပြောကြား၍ ပါတီဝင် လွှတ်တော် ကိုယ်စားလှယ် များအား နှုတ်ဆက်၍ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း ပါတီမှ တရားဝင် သတင်း ထုတ်ပြန်ခဲ့သည်။
ထို့အတူ ပါတီအထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်းက ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားရာတွင် ပါတီ၏ အမျိုးသားရေး ၊ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ လူ့အခွင့်အရေး၊ တိုင်းရင်းသား ရေးရာ၊ တောင်သူလယ်သမား ရေးရာ၊ အလုပ်သမား ရေးရာ၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် မူဝါဒများ ပြောင်းလဲမှုရှိမည် မဟုတ်သည့်အပြင် အခြားနိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လူမျိုးစုများ၊ ပြည်သူများနှင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး ပိုမိုပူးပေါင်း မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ပါတီ၏ ဦးဆောင်မှု အခန်းကဏ္ဍသည် ဖွဲ့စည်းပုံ မှန်ကန်ပြီး ပါတီအတွင်း စုပေါင်းညှိနှိုင်းမှု ၊ စုပေါင်း ဆုံးဖြတ်မှုဖြင့် စနစ်တကျ ချမှတ် ကျင့်သုံးနိုင်တာနှင့်အမျှ ဦးဆောင်မှု အခန်းကဏ္ဍ မြင့်မားလာမည် ဖြစ်၍ ယခုကဲ့သို့ ပြင်ဆင် ဖွဲ့စည်းရခြင်းဖြစ်ပြီး ပါတီ၏ အားကို ပိုမိုတောင့်တင်း မြင့်မားလာစေမည် ဖြစ်ပါကြောင်း ၊ ပါတီ၏အားကို ပိုမို တောင့်တင်း ခိုင်မာအောင်၊ ပိုမိုစည်းလုံး ညီညွတ်အောင် ဖွဲ့စည်း တည်ဆောက်နိုင်မှသာလျှင် ပါတီ အောင်နိုင်ရေး အတွက် ကြိုးပမ်းသွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဗဟို အလုပ်အမှုဆောင် ပြင်ဆင်ဖွဲ့စည်းမှုကို ပါတီ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းနှင့်အညီ အနီးကပ်ဆုံး ပါတီ ဗဟိုကော်မတီ အစည်းအဝေးနှင့် ပါတီ ညီလာခံသို့ တင်ပြ အတည်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)