Connect with us

Politics, Law & Military

မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း နယ်မြေရဲစခန်းအား ယနေ့ထပ်မံ တိုက်ခိုက်

ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ခရီးသည်နှင့် ကုန်တင် ယာဉ်များ လမ်းပိတ်ဆို့နေစဉ်(ဓာတ်ပုံ- မြ၀တီ)

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

မူဆယ်မြို့နယ်၊ ပန်ဆိုင်း နယ်မြေရဲစခန်းအား ယနေ့ နိုဝင်ဘာ ၂၁ ရက်နေ့ နံနက် ၆နာရီ ကျော်က KIA ၊ TNLA ၊ နှင့် MNDAA လက်နက်ကိုင်ပူးပေါင်းအဖွဲ့ အင်အား ၁၀၀ကျော်ခန့်က အဆိုပါ ရဲစခန်း၏ အနောက်ဘက် တစ်ဖာလုံ ခန့်အကွာ တောင်ကုန်းပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၂၁ရက် နံနက် ၅နာရီခွဲတွင် နမ္မတူမြို့နယ်၊ နမ္မတူ-ဘော်တွင်း သွား ကားလမ်း နမ္မတူမြို့မရဲစခန်း အနောက် မြောက်ဘက် (၉) မိုင်ခန့်အကွာရှိ သစ်သား တံတား ကမ်းကပ်ခုံ ပေ ၆၀×၄၀နှင့် ရေလယ်တိုင် ကျောက်စီ၊ သံယက်မ၊ အပေါ်ထည် သစ်သားကြမ်းခင်းတံတား ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကြမ်းခင်းအစိတ်အပိုင်း အချို့ ပျက်စီး ခဲ့ပြီး ယာဉ်များ သွားလာ၍ မရဖြစ်ပွားခဲ့သည်။

ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ခရီးသည်နှင့် ကုန်တင် ယာဉ်များသွားလာ၍မရအောင် ၂၂ဘီး တွဲကား၄စီး၊ ၁၂ဘီးကား ၁စီး၊ ဆီဘောက်စာ ၁စီးတို့အား ခြိမ်းခြောက်အသုံးပြု၍ ပိတ်ဆို့ ထားခဲ့ပြီး ကားသော့ များအား ဖြုတ်ယူ သိမ်းဆည်းသွားခဲ့မှုကြောင့် နိုဝင်ဘာ ၂၀ ရက် ည၇နာရီခွဲမှ စတင်၍လမ်း ပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ လမ်းပိတ်ဆို့ထားသည့် နေရာအား တပ်မတော်စစ်ကြောင်းနှင့် ပြည်သူလူထု ပူးပေါင်း ရှင်းလင်းဆောင်ရွက်ခဲ့ရာ ယနေ့ နံနက် ၉နာရီခွဲတွင် ပိတ်ဆို့မှုအား ရှင်းလင်း နိုင်ခဲ့ပြီး ယာဉ်များပုံမှန် သွားလာနိုင်ပြီဖြစ်သည်။

လက်နက်ကိုင်အဖွဲ့များသည် နိုဝင်ဘာ ၂၀ရက်နေ့ နံနက် ၂နာရီမှစ၍ တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်မှုကြောင့် တပ်မတော်သား တစ်ဦး၊ရဲတပ်ဖွဲဝင် သုံးဦး၊ပြည်သူ့စစ် တစ် ဦးနှင့် ပြည်သူ သုံးဦး စုစုပေါင်း ရှစ် ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ကိုးဦး၊ပြည်သူ့စစ် နှစ်ဦး နှင့် ပြည်သူ ၁၈ ဦး စုစုပေါင်း ၂၉ဦး ဒဏ်ရာရထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.