Politics, Law & Military
မောင်တောမြို့နယ်တွင် ကျပ် ၃,၇၀၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျပ် ၃,၇၀၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိရရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မောင်တောမြို့နယ်၊ သရက်အုပ်ကျေးရွာအုပ်စု၊ အဘူဂျာကျေးရွာရှိ နေအိမ်တစ်အိမ်အား ရှာဖွေရာ အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၅,၂၅၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ နေအိမ်မှ လူတစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သိရသည်။(Xinhua)ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျပ် ၃,၇၀၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိရရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မောင်တောမြို့နယ်၊ သရက်အုပ်ကျေးရွာအုပ်စု၊ အဘူဂျာကျေးရွာရှိ နေအိမ်တစ်အိမ်အား ရှာဖွေရာ အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၅,၂၅၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ နေအိမ်မှ လူတစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သိရသည်။(Xinhua)