Connect with us

Politics, Law & Military

မူဆယ်မြို့၌ ဒေသန္တရလက်လုပ် အသံမိုင်း ၁ လုံး ပေါက်ကွဲ

မိုင်းပေါက်ကွဲမှုကြောင့် နေအိမ်ပျက်ဆီးမှုအား တွေ့ရစဉ်(ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်၊ မိုင်းယုကျေးရွာ(၁၀၅)မိုင်၊ ကမ္ဘောဇသိင်္ဂီ သီလရှင်ကျောင်းတိုက် အနီး လမ်းဆုံ၌ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ည ၁၁နာရီ၁၀မိနစ်ခန့်တွင် ဒေသန္တရလက်လုပ် အသံမိုင်း ၁ လုံး ပေါက်ကွဲခဲ့ကြောင်း ယနေ့ ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုနေရာသို့ တပ်မတော်သားများနှင့် (၁၀၅)မိုင် ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်တို့ပါ ဝင်သော ပူးပေါင်းအဖွဲ့တို့မှ သွားရောက် စစ်ဆေးခဲ့ရာ မိုင်းမှာ ဒေသန္တရ လက်လုပ် အသံမိုင်းဖြစ်ကြောင်း၊ ပေါက်ကွဲမှုကြောင့် ဦးလှအောင်၊ (၄၁)နှစ်၏ ဝါးဖြင့် ဆောက်လုပ်ထားသည့် သွပ်မိုး/သွပ်ကာ ၁ ထပ် ခေါင်မိုး ပျက်စီး ခဲ့ပြီး လူ/တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.