Connect with us

Politics, Law & Military

The Berlin Conference on Myanmar Genocide ညီလာခံ ဖိတ်ကြားမှု ပယ်ဖျက်ခံရခြင်း နှင့် ပတ်သက်၍ မြန်မာဘက်မှ ရှင်းလင်း

The Berlin Conference on Myanmar Genocide ညီလာခံ ဖိတ်ကြားမှု ပယ်ဖျက်ခံရခြင်း နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ)

ဂျာမနီ နိုင်ငံ ဘာလင်မြို ့၌ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် W.M Blumenthal Academy / Jewish Museum က ဦးဆောင် ကျင်းပသည့် The Berlin Conference on Myanmar Genocide ညီလာခံ ဖိတ်ကြားမှု ပယ်ဖျက်ခံရခြင်း နှင့် ပတ်သက်၍ မြန်မာနိုင်ငံ မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေး အဖွဲ့(Myanmar ISIS)၌ ပြန်လည် ရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ဖေဖော်ဝါရီ ၂၆ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။

အဆိုပါ The Berlin Conference on Myanmar Genocide ညီလာခံသို့တက်ရောက်ရန် မြန်မာနိုင်ငံဘက်မှ ဖိတ်ကြားခံရသူများ တစ်ဦးချင်းစီ၏ အွန်လိုင်း ဗီဇာ ၊ လေယာဉ် လက်မှတ်များ နှင့် တက်ရောက်ခွင့် မှတ်ပုံတင်ခြင်း အတည်ပြုချက်ကို ဖေဖော်ဝါရီ ၂၂ ရက်တွင် ရရှိခဲ့ကြောင်း “Forum on Straegies for Peace, Harmony and Reconciliation”မှ အဖွဲ့ဝင်များက ရှင်းလင်း ပြောကြားခဲ့သည်။

ထို့ပြင် ညီလာခံ တက်ရောက်ရန် လေကြောင်းလိုင်း ၊ ဟိုတယ် နှင့် ဗီဇာ အပါအဝင် ခရီးစဉ် အစီအစဉ် အားလုံးကိုလည်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း ၎င်းတို့က ထပ်မံ ပြောကြားခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲတွင် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က ရှင်းလင်း ပြောကြားစဉ် (ဆင်ဟွာ)

ဖေဖော်ဝါရီ ၂၃ ရက်တွင် ပွဲစီစဉ်သူများက အီးမေးလ်မှ တဆင့် မြန်မာနိုင်ငံမှ ညီလာခံ တက်ရောက်ရန် ဖိတ်ကြားခံရသူများကို ခရီးစဉ် ပယ်ဖျက်ကြောင်း အသိပေး အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ပယ်ဖျက်ရခြင်းသည် ဖေဖော်ဝါရီ ၂၂ ရက် ကတည်းက အခမ်းအနား တက်ရောက်ရန် စာရင်း ပေးသွင်းသူ အရေအတွက် ကျော်လွန်နေပြီ ဖြစ်သည့် အတွက် ပယ်ဖျက်ရခြင်း ဖြစ်ကြောင်း ပွဲစီစဉ်သူများ ဘက်မှ အကြောင်းပြချက် ပေးခဲ့သည်။

ထိုသို့ဖိတ်ကြားမှု ပယ်ဖျက် ခံရခြင်း အပေါ် Forum on Strategies for Peace,Harmony and Reconciliation မှ တာဝန်ရှိသူများက မြန်မာနိုင်ငံဘက်မှ တက်ရောက်ခွင့် မရသည့် အတွက် မိမိတို့၏ အသံကို ဘာလင် ညီလာခံတွင် ဆွေးနွေးခွင့် မရနိုင် တော့သဖြင့် လွန်စွာ စိတ်ပျက်မိကြောင်း ၊ ကာလ ကြာရှည်စွာ ဖြစ်ပွားလာခဲ့သော ရခိုင်ပြည်နယ် ကိစ္စ အရေး နှင့် ပတ်သတ်၍ အခြေအနေများ ပိုမို ရှုပ်ထွေးအောင် ဖန်တီးမှုများ ဖြစ်ပွားလာမည်ကို စိုးရိမ်ပူပန်မှုများ ရှိကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထိုသတင်းစာ ရှင်းလင်းပွဲသို့ Forum on Strategies for Peace,Harmony and Reconciliation မှ အဖွဲ့ဝင်များ ဖြစ်ကြသည့် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် ၊ ဒေါက်တာ ထွန်းသူရသက် ၊ ဒေါ်ပြုံးကေသီနိုင် ၊ ဦးညီငြိမ်းအေး တို့အပါအဝင် တာဝန်ရှိသူများက ရှင်းလင်းခဲ့ပြီး နိုင်ငံတကာ အဖွဲ့အစည်း များမှ တာဝန်ရှိသူများ ၊ ပြည်တွင်း/ပြည်ပ သတင်း မီဒီယာများ တက်ရောက်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.