Politics, Law & Military
ရခိုင်ပြည်နယ်တွင်း နေရပ်စွန့်ခွာတိမ်းရှောင်သူများအတွက် လူသားချင်းစာနာထောက်ထားမှု ထိရောက်စွာပေးမည်
ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများကို ထိရောက်စွာဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးထံမှ သိရသည်။
အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်တွင် နေထိုင်သူများသည်နေရပ်စွန့်ခွာ၍ နယ်စပ်ဧရိယာအပါအဝင် လုံခြုံရာနေရာများတွင် ခိုလှုံနေထိုင်ရလျက်ရှိပြီး အဆိုပါအခြေအနေမျိုးအတွက်နိုင်ငံတော်အစိုးရ သည် ကြက်ခြေနီလှုပ်ရှားမှု(Red CrossMovement)နှင့် အတူတကွ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးတစ်ရပ်ကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ၊နေပြည်တော်တွင် စက်တင်ဘာ ၄ ရက်နေ့ နံနက်၁၀နာရီအချိန်၌ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ရခိုင်ပြည်နယ်၌ ၂၀၁၇ခုနှစ်၊ဩဂုတ်လ၂၅ရက်နေ့မှ စတင်ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ၍တိမ်းရှောင်နေကြရသည့် ဒေသတွင်းနေထိုင်သူများအားလုံးအတွက် နိုင်ငံတော်အစိုးရမှတာဝန်ယူထောက်ပံ့ကူညီမှုများဆောင်ရွက်ရာတွင်ပြည်ပနိုင်ငံများမှပါဝင်ပူးပေါင်းထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်းသိရသည်။
ယင်း အစည်းအဝေးသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုအစိုးရအဖွဲ့၏အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဦးသောင်းထွန်း၊ဒုတိယဝန်ကြီးဦးခင်မောင်တင်၊ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်တာဝန်ရှိသူများတက်ရောက်ကြပြီးမိတ်ဖက်အဖွဲ့အစည်းများမှဗြိတိန်၊ဒိန်းမတ်၊အမေရိကန်နိုင်ငံသံရုံးများမှသံအမတ်ကြီးများ၊သြစတြေးလျနိုင်ငံသံရုံးနှင့် ဥရောပသမဂ္ဂကိုယ်စားလှယ်ရုံးမှ သံရုံးယာယီတာဝန်ခံများ၊ကုလသမဂ္ဂဌာနေကိုယ်စားလှယ်၊ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့မှMRCS ၊ ICRC ၊ IFRC တို့မှတာဝန်ရှိသူများတက်ရောက်ကြသည်။(Xinhua)