Connect with us

Politics, Law & Military

ARSA အစွန်းရောက် အကြမ်းဖက်သမားများက နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများ ဆက်လက်ဖြစ်ပွား

ARSA အစွန်းရောက် အကြမ်းဖက်သမားများက နေအိမ်များအားမီးရှို့ဖျက်ဆီးရာပြ မြေပုံ(ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ARSA အစွန်းရောက် အကြမ်းဖက်သမားများက ကျေးရွာများရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မောင်တောမြို့နယ် အောက်ပြူးမကျေးရွာနှင့် ငါးခူရကျေးရွာသို့ ဆက်သွယ်ထားသည့် ငါးခူရ ဈေးထိပ်တံတား၌ စက်တင်ဘာ ၃ ရက် ညသန်းခေါင်ခန့်တွင် မသင်္ကာဖွယ် လှုပ်ရှားမှုများ တွေ့ရှိရသဖြင့် သွားရောက်ရှင်းလင်းစဉ် ARSA အစွန်းရောက်အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်သမားများသည် နေအိမ် ၅၀ ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၄ ရက် နံနက်ပိုင်းတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် မောင်တောမြို့နယ်၊ အုန်းတောအနောက်ကျေးရွာရှိ နေအိမ် ၁၂၀ ကျော်ခန့်ကိုလည်းကောင်း၊ ဇော်မတက် ကျေးရွာအုပ်စု ဒင်္ဂါးကျေးရွာတွင် နေအိမ် ၃၀ လုံး၊ ဆော်ကီးနာမကျေးရွာတွင် နေအိမ် ၅၀ လုံး၊ ဟင်္သာရကျေးရွာတွင် နေအိမ် ၁၀ လုံး စုစုပေါင်း နေအိမ် ၉၀ လုံး မီးလောင်ကျွမ်းခံရကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

သဘောၤကွေ့ ကျေးရွာတစ်ဝိုက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ARSA အစွန်းရောက် အကြမ်း ဖက်သမားများက သင်္ဘောကွေ့ကျေးရွာအား မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၀၀ ခန့် မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ်၊ ချိန်ခါလီကျေးရွာအတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ကျေးရွာအစွန်ရှိ နေအိမ်တစ်လုံး မီးလောင်ကျွမ်းနေပြီး ၎င်းအိမ်မှ မိုင်း ၂ လုံး ပေါက်ကွဲခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.