Politics, Law & Military
ရခိုင်ပြည်နယ်အတွင်း ရေရှည်ပဋိပက္ခ ကင်းဝေးရေးအတွက်နည်းမျိုးစုံဖြင့် ဆောင်ရွက်နေဟုဆို
ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်အတွင်း ရေရှည်ပဋိပက္ခ ကင်းဝေးရေးအတွက် အစိုးရအနေဖြင့် နည်းမျိုးစုံဖြင့် ဆောင်ရွက်ပေးလျက် ရှိပြီး ပြည်သူများပူးပေါင်းပါဝင်ဆောင် ရွက်မှု လိုအပ်ကြောင်း ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များ အကောင် အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက စက်တင်ဘာ ၁၀ ရက်နေ့၌ ပြောကြားသည်။
ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေကြောင်း၊ တည်ငြိမ်အေးချမ်းမှု ရရှိစေရန် ရေရှည်ပဋိပက္ခ ကင်းဝေးရေးသည် အရေးကြီးကြောင်း ၎င်းကဆိုသည်။
ရခိုင်ပြည်နယ်ရှိ ဒေသခံတိုင်းရင်း သားများနှင့် တိုင်းရင်းသားမျိုးနွယ်စု များ၊ ရခိုင်ပြည်နယ်အတွင်း မှီတင်း နေထိုင်ကြသော ပြည်သူများအားလုံး နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက် လျက်ရှိသော လူမှုအဖွဲ့အစည်းများ၏ ပါဝင်ဆွေးနွေးမှုသည်လည်း အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသော အစိုးရဌာန ဆိုင်ရာ ကိုယ်စားလှယ်များနှင့် ရခိုင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် များ၊ ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်း ကိုယ်စားလှယ်များ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထဲရေး ဝန်ကြီးဌာနက ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး အတွက် ဆောင်ရွက်နေမှုများနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနတို့က ရခိုင် ပြည်နယ်အတွင်း လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက် နေသောလုပ်ငန်းများကို ရှင်းလင်း တင်ပြကြရာ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ် အတွင်းရှိ လူ့အဖွဲ့အစည်းကိုယ်စား လှယ်များ၊ ရခိုင်ပြည်နယ်ရှိ ဌာန ဆိုင်ရာများမှ ကိုယ်စားလှယ်များက အကြံပြုဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။(Xinhua)