Connect with us

Politics, Law & Military

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၇၇ ဘီလီယံနီးပါးရရှိ

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ)

နိုင်ငံ့ခြား ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း အမေရိကန်ဒေါ်လာ ၇၇ ဘီလီယံခန့်ရရှိနေပြီ ဖြစ်ကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍက အများဆုံးအဖြစ် ဦးဆောင်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ယနေ့နံနက် ပြောကြားခဲ့သည်။

“DICA(Directorate of Investment and Company Administration) ရဲ့ ၂၀၁၈ ဇူလိုင်လ စာရင်းများအရ နိုင်ငံ ၄၉ နိုင်ငံမှ နိုင်ငံခြား စီးပွားရေး လုပ်ငန်း ၁၅၂၃ ခုတို့က ကဏ္ဍပေါင်း ၁၂ ခုတို့မှာ လာရောက် ရင်းနှီးမြှုပ်နှံထားကြရာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၈၅ ဘီလီယံ ရှိပါတယ်။ အဲဒီ ရင်းနှီးမြှုပ်နှံမှုတွေထဲမှာတော့ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ကဏ္ဍက ပမာဏ အများဆုံးနဲ့ ဦးဆောင်နေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အားလုံးရဲ့ ၂၉ ဒသမ ၁၆ ရာခိုင်နှုန်း ရှိပါတယ်၊ စွမ်းအင်ကဏ္ဍမှာ ၂၇ ဒသမ ၃၂ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍမှာ ၁၂ ဒသမ ၉၁ ရာခိုင်နှုန်း၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ကဏ္ဍမှာ ၁၁ ဒသမ ၉၇ ရာခိုင် နှုန်း အသီးသီး ရှိကြပါတယ်၊ လက်ရှိ အခြေအနေမှာတော့ တရုတ်နိုင်ငံက ပထမ၊ စင်ကာပူနဲ့ ထိုင်း တို့က ဒုတိယနဲ့ တတိယ နေရာတွေ မှာ ရှိနေပါတယ်” ဟု နေပြည်တော် MICC II တွင် စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ နှစ်ရက်တာ ပြုလုပ်သော ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဖိုရမ် (Myanmar Global Investment Forum) အဖွင့် မိန့်ခွန်း၌ ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုကဏ္ဍကို အပြုသဘောဆောင်သော ပတ်ဝန်းကျင်အဖြစ် ပြောင်းလဲနိုင်ခဲ့ သောကြောင့် ကမ္ဘာ့ဘဏ်မှ ချီးမြှင့်သည် Star Reformer Award ဆုကို ရရှိခဲ့ပြီး ချစ်ကြည်ရင်းနှီးသော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကို ဖန်တီးနိုင်သည့် ရလဒ် အဖြစ် နိုင်ငံခြား မှ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ နှစ်စဉ် ပိုမို များပြားလာခဲ့ရခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်မှ စီးပွားရေးလုပ်ငန်း များ လွယ်ကူစွာ ဆောင်ရွက် နိုင်ရေး အဆင့် အတန်း ညွှန်းကိန်း ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအနေဖြင့် နောက် သုံးနှစ် အတွင်း အဆင့် ၁၀၀ ၏ အောက်သို့ လျော့ကျ စေရန် ဒုတိယ သမ္မတဦးမြင့်ဆွေက လမ်းညွှန် ထားသည့်အတိုင်း ရည်ရွယ်ပြီး ဆောင်ရွက်နေပါ ကြောင်း လည်း ၎င်းက ပြောခဲ့သည်။

Euromoney Institutional Investors (Asia) CEO Mr. Tony Shale အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နိုင်ငံတော် အတိုင်ပင်ခံ၏ အထူး စီးပွားရေး အကြံပေး Mr. Sean Turnell အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

Myanmar Global Investment Forum ကျင်းပနေစဉ် (ဆင်ဟွာ)

MIC(Myanmar Investment Commission) နှင့် EIC:Euro money Institutional Investors (Asia) တို့ ပူးပေါင်း စီစဉ်သည့် အဆိုပါ ဖိုရမ် အဖွင့်တွင် ပြည်ထောင်စု ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ Euromoney Institutional Investors (Asia) CEO Mr. Tony Shale၊ နိုင်ငံတော် အတိုင်ပင်ခံ၏ အထူး စီးပွားရေး အကြံပေး Mr. Sean Turnell နှင့် နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းရှင်များ၊ ဘဏ်နှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းရှင်များ၊ ပညာရှင်များ တက်ရောက်ခဲ့ကြပြီး Mr. Tony Shale နှင့် Mr. Sean Turnell တို့ကလည်း အမှာစကားများ ပြောကြားခဲ့ကြသည်။

နှစ်ရက်တာ ကျင်းပမည့် ဖိုရမ်တွင် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်မှုသည် မြန်မာ့ စီးပွားရေး ကျယ်ပြန့်စွာ ဖွံ့ဖြိုးရေးအတွက် မည်သည့်အဆင့်တွင် ရှိနေသနည်း။ မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ ဈေးကွက်ဝင် လမ်းကြောင်းများအပေါ် လက်တွေ့ကျသည့် အကြံပြုခြင်းများ၊ ဘဏ်လုပ်ငန်း၊ ငွေကြေးနှင့် အာမခံ လုပ်ငန်းများအတွက် စိန်ခေါ်မှု အသစ်များ၊ အသေးစား ငွေကြေးလုပ်ငန်း ဒီဂျစ်တယ် စီးပွားရေး လုပ်ငန်းများအတွက် အခက်အခဲ ဖြေရှင်းမှုများ၊ ကုန်သွယ်မှု ငွေကြေးဆိုင်ရာ အခွင့်အလမ်းများ၊ ဘဏ်နှင့် ငွေကြေး လုပ်ငန်းများ၊ ပို့ကုန် ဦးတည် သော သီးနှံများ စိုက်ပျိုး ထုတ်လုပ်နိုင်ရန် စက်မှုလုပ်ငန်းများအား ပြုပြင် ပြောင်းလဲခြင်း၊ ထိန်းချုပ် ထားသော သဘာ၀ အရင်းအမြစ်များ။ စွမ်းအင်များဖြင့် အခြေခံ အဆောက်အအုံများ တိုးတက် စေခြင်း စသည့် ခေါင်းစဉ်များကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.