Politics, Law & Military
ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင် ဟန်းဆက် ၃သန်းကျော်ဖိုး သိမ်းဆီးရမိ

ရန်ကုန် ဇူလိုင် ၉ ရက် (ဆင်ဟွာ)
ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင် ဟန်းဆက် ၃သန်းကျော်ဖိုး သိမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရသိရသည်။
မူဆယ်မှ မန္တလေးသို့ ဝင်ရောက် လာသည့်Toyota Crown ယာဉ်အား ၁၆ မိုင် ကျောက်ချော စစ်ဆေးရေး စခန်း တာဝန်ကျ အကောက်ခွန်စစ်ဆေးရေးအဖွဲ့က တားဆီးစစ်ဆေးခဲ့ရာ တရားဝင်စာရွက် စာတမ်းအထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံ လုပ်Handset မျိုးစုံ အလုံး ၉ဝ (ခန့်မှန်း တန်ဖိုးငွေ ကျပ် ၃ ဒသမ ၁၅ သန်း ခန့်)ကိုတွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။ (Xinhua)