Connect with us

Politics, Law & Military

ထိုင်းနိုင်ငံမှရွှေ့ပြောင်းမြန်မာအလုပ်သမား သုံးသောင်းကျော် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိနေဟုဆို

နေရပ်ပြန်ရွှေ့ပြောင်းလုပ်သားများအား အကူအညီများပေးနေစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန် ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံမှ ရွေ့ပြောင်းအလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမှုသည် ဇွန်လ ၂၉ ယနေ့ထိ စုစုပေါင်း ၃၂၅၄၄ဦးရှိနေကြောင်း တပ်မတော်မှ ထုတ်ပြန်သော သတင်းအရသိရသည်။

ထိုင်းနိုင်ငံမှရွှေ့ပြောင်းမြန်မာအလုပ်သမားများ ပြန်လည်ဝင်ရောက်ရာ၌ မြဝတီနယ်စပ်ဂိတ်မှ ၂၈၄၉၀ ဦး၊ ဘုရားသုံးဆူနယ်စပ်ဂိတ်မှ ၄၀၅၄ ဦး၊ စုစုပေါင်း ၃၂၅၄၄ ဦး ဝင်ရောက်ခဲ့သည့် အနက် ၂၉၅၉၁ ဦးမှာ ၎င်းင်းတို့၏အစီအစဉ်ဖြင့် နေရပ်အသီးသီးသို့ထွက်ခွာသွားခဲ့သဖြင့် ၂၉၅၃ ဦးအား နယ်မြေခံတပ်မတော်သားများ၊ လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများပူးပေါင်း၍ မော်တော်ယာဉ်များ စီစဉ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့်သက်ဆိုင်ရာနေရပ်များသို့ စနစ်တကျရောက်ရှိရေး စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇူလိုင် ၇ ရက် ညနေ ၃ နာရီမှ ယနေ့ညနေ ၃ နာရီအထိ မြဝတီနှင့် ဘုရားသုံးဆူနယ်စပ်ဂိတ်အသီးသီးမှ ဝင်ရောက်လာသူ ၇၀၄ ဦးရှိသည့်အနက် ၃၅၆ ဦးမှာ ၎င်းတို့အစီအစဉ်ဖြင့် နေရပ်ပြန်သွားခဲ့ပြီး နေရပ်ပြန်ရန်အခက်အခဲရှိသည့် ၃၄၈ ဦးတို့အား တပ်မတော်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။မြဝတီမြို့မှသထုံမြို့သို့ ပို့ဆောင်ထားသည့် ရွှေ့ပြောင်းအလုပ်သမား ၁၉၀ ဦးကိုလည်းတပ်မတော်မှ မော်တော်ယာဉ်ခြောက်စီးဖြင့် ရန်ကုန်မြို့သို့ဆက်လက်ပို့ဆောင်ပေးခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.