Politics, Law & Military
ရှမ်းပြည်နယ် ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း၊ လွိုင်လင်နှင့် လဲချားမြို့နယ်တို့၌ ဘိန်းခင်းများအား ဖျက်ဆီး
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်၊ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း၊ လွိုင်လင်နှင့် လဲချားမြို့နယ်တို့၌ ဘိန်းခင်းများအား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ် ပချားကလို့ကျေးရွာအနောက်ဘက် တစ်မိုင်ခန့်အကွာ၌ ဒီဇင်ဘာ ၁ဝ ရက်တွင် အမြင့် တစ်ပေခွဲခန့်ရှိ ဘိန်းခင်း ၁၃ ဧကအား ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန် ဦးစီးပူးပေါင်းအဖွဲ့က လည်းကောင်း၊ ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ် နောင်စုံကျေးရွာ၌ ဘိန်းခင်း ၂၄ ဧကခန့်၊ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ် ထာငိုကျေးရွာ၌ ဘိန်းခင်း ၂၃ ဒသမ ၅ ဧက ခန့်၊ ရှမ်းပြည်နယ် လွိုင်လင်မြို့နယ် ခေါင်းနွဲ့ကျေးရွာ၌ ဘိန်းခင်း ခုနစ်ဧကခန့်နှင့် လဲချား မြို့နယ် နားလွယ်ကျေးရွာ၌ ဘိန်းခင်းလေးဧကခန့်တို့အား ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က ဖျက်ဆီးခဲ့ကြကြောင်း မြန်မာ့အလင်းသတင်းတွင်ပါရှိသည်။ (Xinhua)