Connect with us

Politics, Law & Military

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ဆက်ဆောင်ရွက်နိုင်ရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့(၃)ဖွဲ့က သဘောထားထုတ်ပြန်

မြောက်ပိုင်းမဟာမိတ်အဖွဲ့(၃)ဖွဲ့၏ သဘောထားထုတ်ပြန်ကြေညာချက်အားတွေ့ရစဉ်(FPNCC)

ရန်ကုန်၊ ဒီဇင်ဘာလ ၁၂ ရက် (ဆင်ဟွာ)

မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ဆက်ဆောင်ရွက်နိုင်ရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့(၃)ဖွဲ့ဖြစ်သည့်

မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ/ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာ မိတ်တပ်မတော်(MNTJP/MNDAA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော်(ULA/AA)တို့က ယနေ့ သဘောထားထုတ်ပြန်ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ ကြေညာချက်တွင် မျက်မှောက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တစ်နိုင်ငံလုံးငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အပြုသဘောဆောင်သည့်ကြိုးပမ်းမှုကို ကြိုဆိုထောက်ခံကြောင်း၊ နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်အတူ လက်ရှိဖြစ်ပွားနေသော စစ်ရေးပဋိပက္ခနှင့် နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ဖြေရှင်းနိုင်ရန် ဆန္ဒရှိကြောင်း ဖော်ပြထားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်ရန်အတွက် မိမိတို့အဖွဲ့သုံးဖွဲ့သည် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)၏ တိုက်တွန်းမှုနှင့် တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းစီစဉ်ပေးမှုများအရ ငြိမ်းချမ်းရေးကော်မရှင် (PC)နှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး စစ်ရေးနည်းလမ်းဖြင့် နိုင်ငံရေးပြဿနာကို အကျေအလည်ဖြေရှင်းရန် မဖြစ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ၏ နှစ်ပေါင်း (၇၀)ကျော် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများက သက်သေပြခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးအား ဆောလျင်စွာဖော်ဆောင်နိုင်ရန်နှင့် ကောင်းမွန်သော ငြိမ်းချမ်းရေးအခင်းအကျင်းကို ဖန်တီးနိုင်ရန်အတွက် စစ်ရေးဆိုင်ရာဆောင်ရွက်မှုများကို ဦးစွာရပ်တန့်ပြီး စစ်ရေးနည်းလမ်းမှအပ နိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ ထို့အတူ မြန်မာ့တပ်မတော်ဖက်မှလည်း စစ်ပွဲများချုပ်ငြိမ်းစေရန်ဆောင်ရွက်မည်ဟု စိတ်ရင်းမှန်ဖြင့် မျှော်လင့်ကာ မိမိတို့အနေဖြင့် ဤအခင်းအကျင်းအောက်တွင် နိုင်ငံရေးနည်းလမ်းဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်းသဘောထားထုတ်ပြန်ကြေညာကြောင်း ဖော်ပြထားသည်။

“မြောက်ပိုင်း သုံးဖွဲ့ကြေညာချက်ကို ကြည့်ချင်းအားဖြင့် ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းမြင်ပါတယ်၊ အပြုသဘောဆောင်လာတဲ့ ထုတ်ပြန်ချက်ပါ”ဦးလှမောင်ရွှေ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.