Politics, Law & Military
အစိုးရသစ် လက်ထက်တွင် ပထမဆုံး ကျင်းပမည့် လွတ်လပ်ရေးနေ့ အခမ်းအနားများအား ပိုမို စည်ကား သိုက်မြိုက်စွာ ကျင်းပမည်

ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ)
ယခုနှစ်တွင် လွတ်လပ်ရေးနေ့ အခမ်းအနားများကို ပိုမိုစည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။
ယခုကျင်းပမည့် လွတ်လပ်ရေးနေ့ အခမ်းအနားသည် အစိုးရသစ်လက်ထက်တွင် ပထမဆုံးကျင်းပမည့် လွတ်လပ်ရေးနေ့ အခမ်းအနား ဖြစ်သည့်အားလျော်စွာ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက်သွားကြရန် ဒုတိယသမ္မတ ဦးမြင့်ဆွေက ၂၀၁၇ ခုနှစ် ၊ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးနှင့် စပ်လျဉ်းသည့် တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို့အပြင် လွတ်လပ်ရေးနေ့အတွက် ချမှတ် ထားသော အမျိုးသားရေး ဦးတည်ချက် ၄ ရပ်ကို အောင်မြင်အောင် နိုင်ငံသူ နိုင်ငံသားများ အားလုံးက ကြိုးပမ်းဆောင်ရွက်ကြ ရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
လာမည့် ၂၀၁၇ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက်သည် မြန်မာနိုင်ငံ၏ ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်သည်။(Xinhua)