Connect with us

Politics, Law & Military

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြင်ဆင်ဖွဲ့စည်း

NLDပါတီ၏ သဘာပတိအဖွဲ့ဝင်များအဖြစ် ခန့်အပ်သော ကြေညာချက်အား တွေ့ရစဉ်(ဓာတ်ပုံ-NLD)

ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း အဖွဲ့ချုပ်မှ ထုတ်ပြန်သော သတင်းအရ သိရသည်။

ယခုနှစ် မတ် ၂၄ရက်နေ့တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဒုတိယ ဥက္ကဋ္ဌ(၁)အဖြစ် ဦးဝင်းမြင့်နှင့် ဒုတိယ ဥက္ကဋ္ဌအဖြစ် ဒေါက်တာ ဇော်မြင့်မောင်ကို ခန့်အပ်ခဲ့ပြီး အတွင်းရေးမှူးအဖွဲ့ဝင်များအဖြစ် ဦးဉာဏ်ဝင်းနှင့် ဦးဟံသာမြင့်က ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအဖြစ် ဒေါက်တာ မေဝင်းမြင့်၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါက်တာမျိုးအောင်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာ မိုးညို၊ ဦးညီပု၊ ဦးအောင်စိုး၊ ဒေါက်တာ မျိုးညွှန်နှင့် ဦးဖြိုးမင်းသိန်းတို့က တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ သဘာပတိအဖွဲ့ဝင်များအဖြစ် နာယက သူရဦးတင်ဦး၊ ဦးလှဖေ၊ ဦးဝင်းထိန်၊ ဦးအုံးကြိုင်၊ ဦးကျောင်ခင်နှင့် ဦးမန်းဂျော်နီတို့ကို ခန့်အပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ကြေညာချက်အရ သိရသည်။

NLDပါတီ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဒေါက်တာ ဇော်မြင့်မောင်နှင့် ဒေါက်တာ မျိုးညွှန့်တို့ကိုလည်း ခန့်အပ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.