Connect with us

Politics, Law & Military

နိုင်ငံတော်သမ္မတ ကြိုဆိုပွဲအခမ်းအနား ကျင်းပ


ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ကျင်းပခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့သည် သမ္မတအိမ်တော် သို့ရောက်ရှိလာရာ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီးဒေါ်ခင်သက်ဌေးတို့က ကြိုဆို နှုတ်ဆက်ကြပြီး နိုင်ငံတော်သမ္မတနှင့် ဇနီးအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆို နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ကြိုဆိုပွဲအခမ်းအနားကျင်းပစဉ်(ဓာတ်ပုံ- နိုင်ငံတော် သမ္မတရုံး)

နိုင်ငံတော်သမ္မတသည် သံတမန်ဆောင်ဧည့်ခန်းမသို့ ရောက်ရှိရာ ဒုတိယသမ္မတဦးမြင့်ဆွေက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး များဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ် ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဦးခင်မောင်ချို၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးအုန်းမောင်၊ နိုင်သက်လွင်၊ ဦးကျော်တင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့နှင့် မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများအား နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများအကျိုးအတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ထမ်းဆောင်သွားကြရန်၊ စိတ်တူကိုယ်တူ တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.