Connect with us

Politics, Law & Military

ပြည်သူများနှင့် အတူ အပြောင်းအလဲကို ကြိုးပမ်းဆောင်ရွက်မည်ဟု သမ္မတ ဦးဝင်းမြင့် ကတိပြုပြောကြား

ပြည်ထောင်စု လွှတ်တော်၌ သမ္မတ ဦးဝင်းမြင့် အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

ပြည်ထောင်စုလွှတ်တော်၌ ယနေ့ နိုင်ငံတော် သမ္မတအဖြစ် ကတိသစ္စာပြုခဲ့သော သမ္မတသစ် ဦးဝင်းမြင့်က ပြည်သူများနှင့် အတူ အပြောင်းအလဲကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။

နိုင်ငံတော်နှင့် ပြည်သူများ ခံစားနေရသော စိန်ခေါ်မှုများ၊ အခက်အခဲများကလည်း မနည်းလှကြောင်း၊ အရာရာတိုင်းကို လွယ်လင့်တကူဖြေရှင်းနိုင်မည် မဟုတ်သော်လည်း အစွမ်းကုန် ကြိုးစားအားထုတ်ပြီး ဦးစားပေး ကဏ္ဍအလိုက်ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းအတွင်း ပြောကြားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ ဦးစားပေး ရည်မှန်းချက်ပန်းတိုင်များဖြစ်သော (၁)တရားဥပဒေစိုးမိုးရေး၊ ပြည်သူများဘ၀ လူမှုစီးပွားရေးဘ၀ တိုးတက်မြင့်မားရေး (၂) အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး (၃) ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးတို့ကို ဦးတည်ကြိုးပမ်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

လက်ရှိ ပြောင်းလဲမှုဖြစ်စဉ်ကြီး အောင်မြင်ချောမွေ့စေရန် ပြည်သူပြည်သားများ၊ နိုင်ငံဝန်ထမ်းများ၊ ပြည်သူဝန်ထမ်းများ အားလုံး၏ ပုံစံကျနေသည့် အတွေးအမြင်များ၊ ပုံသေကားချပ် အလေ့အထများ အားလုံးကို ပြုပြင်ပြောင်းလဲပေးရန် အထူးလိုအပ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ အားလုံးကို ကြပ်မတ်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယိမ်းယိုင်နေသော တရားစီရင်ရေးကို တည့်မတ်ခြင်း၊ အဂတိလိုက်စားမှုကို ပိုမို တိုက်ဖျက်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုကို မြှင့်တင်ကာကွယ်ခြင်း၊ မူးယစ်ဆေးဝါးများအား ပိုမိုနိမ်နင်းရခြင်း၊ ပြည်သူ့ဘဏ္ဍာများ အလေအလွင့်မဖြစ်စေရန် စီမံခန့်ခွဲခြင်း၊ လယ်မြေများ လျော်ကြေးကိစ္စများကို ဥပဒေနှင့် အညီဆောင်ရွက်ခြင်း၊ တောင်သူ လယ်သမားဘ၀ လူနေမှုမြင့်တင်ရေး၊အလုပ်သမားများ ဘ၀ သာယာစိုပြေရေးနှင့် ကျောင်းသားလူငယ်များ အဆင့်မြင့်ပညာ ဆည်းပူးခွင့်ရရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

“ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့အလယ်မှာ ကျွန်တော်တို့နိုင်ငံရဲ့ပုံရိပ် ပြန်လည်တောက်ပမြင့်မားလာ အောင် ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာ ပို၍ ပို၍ မြင့်တက်လာအောင် ကျွန်တော်တို့အားလုံး ဆက်လက်ပြီး ကြိုးစားကြရဦးမှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် ကြိုးနီစနစ်များကို လူ့အဖွဲ့အစည်း အတွင်း လှိုက်စားနေသည့် အဂတိလိုက်စားမှုများ စနစ်တကျ တိုက်ဖျက်သွားကြရန်လည်း သမ္မတဦးဝင်းမြင့်က ပြောကြားသည်။

သမ္မတ ဦးဝင်းမြင့်နှင့် ဒုတိယ သမ္မတများ ကတိသစ္စာပြုပွဲ အခမ်းအနားကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ဒုတိယ သမ္မတ ဦးမြင့်ဆွေ ၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အပြင် ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကကြီး သူရဦးတင်ဦး ၊ ပါတီထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.