Politics, Law & Military
၂၀၁၈ – ၁၉ ပထမ ခြောက်လ ကုန်သွယ်မှုလိုငွေ ဒေါ်လာ တစ်ဘီလျံကျော်လျော့ကျ
နေပြည်တော်၊ ဇွန် ၄ ရက်(ဆင်ဟွာ)
၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် ပထမ ခြောက်လတွင် ကုန်သွယ်မှုလိုငွေမှာ ယမန်နှစ် အလားတူ ကာလထက် အမေရိကန်ဒေါ်လာ ၁၃၁၅ ဒသမ ၃ သန်းလျော့ကျခဲ့သည်ကို တွေ့ရှိရကြောင်း ပြည်ထောင်စု လွှတ် တော် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ၌ ဖော်ပြပါရှိသည်။
ကုန်သွယ်မှုလိုငွေသည် ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ် အောက်တိုဘာလ မှ မတ်လအတွင်း အမေရိကန် ဒေါ်လာ ၁၉၇၄ ဒသမ ၈ သန်းရှိခဲ့ပြီး ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် ပထမခြောက်လတွင် ဒေါ်လာ ၆၉၅ ဒသမ ၅ သန်း ဖြစ်သောကြောင့် အမေရိကန် ဒေါ်လာ ၁၃၁၅ ဒသမ ၃ သန်းလျော့ကျခဲ့သည်ကို တွေ့ရှိရကြောင်း ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တင်ပြသည့် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။
ပထမခြောက်လအတွင်း ပို့ကုန်အနေဖြင့် စက်မှုကုန်ချောထည် ဒေါ်လာ ၂၈၇၄ ဒသမ ၉ သန်း၊ လယ်ယာထွက်ကုန် ၁၇၀၈ ဒသမ ၈ သန်း၊ ရေနံနှင့် သဘာ၀ ဓာတ်ငွေ ့ ၁၇၆၅ ဒသမ ၂ သန်း၊ သတ္ထု တွင်းထွက် ၅၄၈ ဒသမ ၉ သန်း၊ ရေထွက်ပစ္စည်း ၄၃၂ ဒသမ၈ သန်း၊ တိရ စ ္ဆာန်ထွက် ၂၇၅ ဒသမ ၄ သန်း၊သစ်တောထွက် ၉၀ ဒသမ ၈ သန်းနှင့် အခြား ပစ္စည်း ၆၀၉ ဒသမ ၄ သန်း၊ စုစုပေါင်း အမေရိ ကန် ဒေါ်လာ၈၃၀၆ ဒသမ ၂ သန်း တင်ပို့ခဲ့ကြောင်း၊ သွင်းကုန်အနေဖြင့် လုပ်ငန်းသုံး ကုန်ကြမ်း ၃၆၈၆ ဒသမ ၈ သန်း၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၂၉၅၃ ဒသမ ၃ သန်း နှင့် လူသုံးကုန် ၂၃၂၅ ဒသမ ၆ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၉၆၅ ဒသမ ၇ သန်းတင်သွင်းခဲ့ကြောင်း၊ ထို့ကြောင့် ကုန်သွယ် မှု လိုငွေမှာ ၆၅၉ ဒသမ ၅သန်းဖြစ်ကြောင်း၊ ကုန်သွယ်မှု အများဆုံး ကုန်သွယ်ဖက် နိုင်ငံများမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။
နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှု အခြေအနေမှာ နိုင်ငံပိုင် အခန်း ရင်းနှီးမြှုပ်နှံမှု၌ –၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းတွင် ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး /ပြည်နယ်တို့က ကျပ် ၈၂၈၆၁၈၀ ဒသမ ၉ သန်း ရင်းနှီးမြှုပ်နှံရန် လျာထားခဲ့ရာ ပထမ ခြောက်လအတွင်း ကျပ် ၂၀၄၃၅၈၂ ဒသမ ၇ သန်း ရင်းနှီးမြှုပ်နှံခဲ့သဖြင့်၂၄ ဒသမ ၆၆ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၌ — ၂၀၁၈ – ၁၉ ပထမ ခြောက်လ( အောက်တိုဘာလ မှ မတ်လအတွင်း) အမေရိကန် ဒေါ်လာ ၁၉၈၈ ဒသမ ၇ သန်းရှိကြောင်း ထိုအစီရင်ခံစာ၌ ဖော်ပြခဲ့သည်။
ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးက မေလ ၉ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ခဲ့ သည့် ၂၀၁၈ – ၁၉ အမျိုးသား စီမံကိန်း ပထမ ခြောက်ပတ် အစီရင်ခံစာအပေါ် ပြည်ထောင်စု လွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီက မေလ ၂၉ ရက်နှင့် ၃၁ ရက်တို့တွင် အစည်း အဝေးများကျင်းပပြီး ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာကို ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။(Xinhua)