Connect with us

Local

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် နိုင်ငံတော် ဘဏ္ဍာရေး ရသုံး မှန်းခြေတွင် ကျပ် ၂ .၇၄ ထရီလီယံ လိုငွေပြ

ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုရှိ ကုန်သေတ္တာများ အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် နိုင်ငံတော် ဘဏ္ဍာရေး ရသုံးမှန်းခြေ တွင် စုစုပေါင်း ရငွေမှာ ကျပ် ၁ဝ.၃၇ ထရီလီယံ ဖြစ်ပြီး စုစုပေါင်း အသုံးစရိတ်မှာ ကျပ် ၁၃ . ၁၁ ထရီလီယံသုံးစွဲ ခဲ့သဖြင့် လိုငွေပြမှုမှာ ကျပ် ၂ .၇၄ ထရီလီယံ ဖြစ်ကြောင်း ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဒုတိယ ခြောက်လပတ် အစီရင်ခံစာအရ သိရသည်။

ပြည်ပ ကုန်သွယ်မှု လိုငွေမှာ ကျပ် ၁ . ၈ ထရီလီယံ ဖြစ်ခဲ့သော်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးတက်လာပြီး ရင်းနှီး ကုန်ပစ္စည်းနှင့် လုပ်ငန်းသုံး ကုန်ကြမ်းသုံး ပစ္စည်းများ တင်သွင်းမှုမှာ သွင်းကုန် စုစုပေါင်း တန်ဖိုး၏ ၇၆ ရာခိုင်နှုန်းခန့် ရှိခဲ့ရှိကြောင်း သိရသည်။

ပြည်ပ အကူအညီ ထောက်ပံ့ရရှိမှုတွင် နိုင်ငံတကာ အဖွဲ့အစည်းများမှ လုပ်ငန်းပေါင်း ၉၉ ခု အတွက် အမေရိကန် ဒေါ်လာ ၃၁၇ . ၇ဝ သန်း ရရှိခဲ့ပြီး သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး၊ ကျေးလက် ဖွံ့ဖြိုးရေး၊ ပို့ဆောင်ရေး၊ စားနပ် ရိက္ခာ ပံ့ပိုးမှုနှင့် ပညာရေး ကဏ္ဍများတွင် အများဆုံး ရရှိခဲ့ရာ စုစုပေါင်း တန်ဖိုး၏ ၁၇ ရာခိုင်နှုန်း အမေရိကန် ဒေါ်လာ ၅၄ . ဝ၁ သန်းခန့် ရှိကြောင်း အစီရင်ခံစာထဲတွင် ပါရှိသည်။ (Xinhua)