Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်တွင် ငွေကျပ် သိန်းပေါင်း ၃၇,၀၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအားစိတ်ကြွရူးသွပ်ဆေးပြားများ နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ--မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့)

ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်တွင် ငွေကျပ် သိန်းပေါင်း ၃၇,၀၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇွန်လ ၃ ရက်၊ ၂၃း၃၀နာရီ တွင် သိန္နီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများ နှင့်အတူ သိန္နီမြို့အဝင်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မူဆယ်-မန္တလေး သွားပြည်ထောင်စုကားလမ်းပေါ်တွင် ကွတ်ခိုင်မြို့ဘက်မှ သိန္နီမြို့ဘက်သို့ နောင်ချိုမြို့၊ တောင်ရပ်ကွက်နေ လွင်မျိုးအောင် ၃၃ နှစ် မောင်းနှင် သည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေစဉ် လိုက်ပါလာသူတစ်ခြားတစ်ဦးမှာ ထွက်ပြေးသွားပြီး ယာဉ်၏ နောက်ခန်းအတွင်းမှ မှိုင်းကိုင်စက္ကူဖြင့်ထုပ်လျက် ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၅၀,၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၃၇,၀၀၀ သိန်း)၊ မြန်မာငွေ ၂ သိန်း နှင့် လက်ကိုင် ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းတို့အား သိန္နီမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.