Connect with us

Politics, Law & Military

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၌ ဗုံးသီးဟောင်းပေါက်ကွဲ၍ အမျိုးသား ၅ ဦး ဒဏ်ရာရရှိမှုဖြစ်ပွား

စစ်ကျန်ဗုံးသီးဟောင်းတချို့အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၌ ဗုံးသီးဟောင်းပေါက်ကွဲ၍ အမျိုးသား ၅ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ ၁၁း၀၅နာရီ အချိန် ရွှေကူမြို့နယ်၊ သင်္ဘောအင်းကျေးရွာနေ ဦးကျော်ဇင်ဝေ၏ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ ပြောင်းခင်း အဟောင်း၌ စိုးမိုးသူ(၃၀)နှစ်အပါအဝင် ကျား ၅ ဦးမှ မြက်/ပေါင်းပင်များအား ပေါက်ပြားဖြင့် ရှင်းလင်းစဉ် လုံးပတ် ၆ လက်မခန့်၊ အရှည် ၂ လက်မခွဲခန့်ရှိ ဗုံးသီးဟောင်း ၁ လုံး(စိစစ်ဆဲ)အား တွေ့ရှိသဖြင့် စိုးမိုးသူမှ ပေါက်ပြားဖြင့် ထုခွဲရာမှ ပေါက်ကွဲခဲ့၍ စိုးမိုးသူတွင် ဝဲ/ယာ လက်ကောက်ဝတ် ပြတ်၊ မျက်နှာ/ မျက်လုံး၊ ရင်ဘတ်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများ(စိုးရိမ်ရ)နှင့် ကျော်ထက်အောင်(ခ)ဘူးသီး(၂၄)နှစ်အပါအဝင် ၄ ဦးတွင် ဗုံးစထိမှန်ဒဏ်ရာများ(မစိုးရိမ်ရ)တို့ ရရှိခဲ့သဖြင့် ၁၂း၅၀နာရီအချိန်တွင် ရွှေကူမြို့ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရာ ၁၆း၂၀နာရီ အချိန်တွင် စိုးမိုးသူအား ဗန်းမော်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းတင်ပို့ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.