Connect with us

Politics, Law & Military

မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း စက်လှေ/ချွန်းလှေ(၈)စီးနှင့် တရားမဝင်ထင်း/မျောများ ဖမ်းမိ

မိန်းမလှကျွန်းအတွင်း ဖမ်းဆီးရမိသော ထင်းနှင့်လှေများအားတွေ့ရစဉ်(သစ်တောဦးစီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း စက်လှေ/ချွန်းလှေ(၈)စီးနှင့် တရားမဝင်ထင်း/မျောများ ဖမ်းမိခဲ့ကြောင်း သစ်တောဦးစီးဌာနက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။

ဘေးမဲ့တောအတွင်း အကွက်အမှတ်(၁၅)၊ ဓမင်းတောင်အောက်၊ ဘိုကလေးမြစ်တန်းနေရာတွင် ချွန်းလှေ(၂)စီးပေါ်မှ တရားမဝင် သင်ဘောင်းမျော(၆၀)လုံးတို့ သိမ်းဆီးရမိခဲ့ကြောင်း၊ ဆက်လက်ပြီး သတင်းပေးပို့ တိုင်ကြားချက်အရ သွားရောက်စစ်ဆေးရာ ချောင်းဗြဲကြီးရွာ၊ ချောင်းကမ်းစပ်တွင် ဟွန်ဒါစက်တပ်လှေ (၅)စီး၊ ချွန်းလှေ(၁)စီးတို့ပေါ်မှ တရားမဝင်နှစ်တောင်ထင်း(ပန်းစုံသားများ) (၁.ဝ)တန်ခန့်တို့အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.