Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တွင် ကျပ်သိန်း(၆၀၀၀)ကျော်တန်ဖိုးရှိကျောက်မျက်ရတနာ ရွှေထည်ပစ္စည်းများ ကို ခိုးယူသွားသူအားဖမ်းဆီးရမိ

ဖမ်းဆီးရိမိသူတို့အား သက်သေခံပစ္စည်များနှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ-- ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့)

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တွင် ကျပ်သိန်း(၆၀၀၀)ကျော်တန်ဖိုးရှိကျောက်မျက်ရတနာ ရွှေထည်ပစ္စည်းများ ကို ခိုးယူသွားသူအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၆.၁၀.၂၀၁၈ ရက်နေ့ ၁၄၀၀ နာရီအချိန်တွင် လမ်းမတော်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ဘုန်းကြီးလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်နေဒေါ်——– သည် ကမာရွတ်မြို့နယ်ရှိ “နိုဗိုတယ်” ဟိုတယ်တွင်

သူငယ်ချင်းဖြစ်သူ နှင့်သွားရောက်တွေ့ဆုံနေစဉ် ၎င်းနှင့်အတူပါလာသော အိမ်အကူအမျိုးသမီးဖြစ်သူအား နေအိမ်တွင်ထားရှိသည့် ကျောက်မျက်ရတနာပစ္စည်းများအား ပြန်ယူရန် ယာဉ်မောင်းဖြစ်သူကျော်သူရနှင့်အတူ စေလွှတ်လိုက်ပြီး အိမ်အကူမှ ယူဆောင်ကာ ဟိုတယ်သို့ ပြန်လာခဲ့ရာတွင် ဒေါ်——မှ ၎င်းကျောက်မျက်ရတနာပစ္စည်းများအား ၎င်း၏ကားပေါ်တွင် ပြန်လည်ထားရန်ပြောဆိုခဲ့သဖြင့် အိမ်အကူ

မှ ကားပေါ်တွင် ကျောက်မျက်ရတနာများအား ထားပြီး ပြန်လာခဲ့ကြောင်း၊ဒေါ်——-သည် ၁၄း၂၅ နာရီ အချိန်တွင် ဟိုတယ်မှ ပြန်လည်ထွက်ခွာရန် ကားရှိရာသို့ သွားရောက်ခဲ့ရာ ကားသာတွေ့ရှိရပြီး ယာဉ်မောင်း

ကျော်သူရနှင့် ကျောက်မျက်ရတနာပစ္စည်းများ ထည့်ထားသော စက္ကူအိတ်အား မတွေ့ရှိတော့သဖြင့် ကျော်သူရ၏ လက်ကိုင်ဖုန်းအား ဆက်သွယ်ရာ စက်ပိတ်ထားကြောင်း သိရှိရ၍ ကားပေါ်တွင်

စက္ကူအိတ်ဖြင့် ထည့်ထားသော နီလာတစ်တန်းပါ ရွှေဆွဲကြိုး (၃)ကုံး၊ ပတ္တမြားတစ်တန်းပါ ရွှေဆွဲကြိုး (၁)ကုံး၊ ပတ္တမြားနှင့်စိန်ကြိုးနှစ်တန်းသွားကြိုး(၁)ကုံး၊ နားဆွဲ(၁)ရံ၊ ပတ္တမြား(၁)ထုပ်(အလေးချိန် ၁၀၀ ကလပ်)၊

ပတ္တမြားပန်းရောင်(၁)ထုပ်(ကလပ်မမှတ်မိ)၊ ပတ္တမြား(၁)ထုပ်(အလေးချိန် ၄၇ ကလပ်)၊ Spinel ကျောက်အနီရောင် (၁)ထုပ်၊ Spinel ကျောက် Hot Pink (၁)ထုပ်၊ Spinel ကျောက်(၁)ပွင့်(အလေးချိန် ၁၀ ကလပ်)၊ စိန်လက်ကောက် (၁)ကွင်း၊ စိန်အကြွေ(၄)ထုပ်၊ (စုစုပေါင်းတန်ဖိုးကျပ်သိန်း ၆၃၄၄) ခိုးယူသွားသည့် ယာဉ်မောင်းဖြစ်သူ စမ်းချောင်း မြို့နယ်၊ စမ်း/မြောက်ရပ်ကွက်နေ ကျော်သူရ အား အရေးယူပေးပါရန် တိုင်တန်း

သဖြင့် ကမာရွတ်မြို့မရဲစခန်း (ပ) ၇၄၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၁ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်မှု၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးမှ အနီးကပ်ကြီးကြပ်၍ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာစုမှ တပ်ဖွဲ့ဝင်များနှင့် ကမာရွတ်မြို့မရဲစခန်းမှ

တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ပြစ်မှုကျူးလွန်သူ ကျော်သူရ အား ဖမ်းဆီးရမိရေးအတွက် ၎င်း၏လိပ်စာအား သွားရောက်စုံစမ်းခဲ့ရာ ၎င်းသည် စမ်းချောင်းမြို့နယ်၊ စမ်း/မြောက်ရပ်ကွက်တွင် နေထိုင်ခြင်းမရှိဘဲ

ပြောင်းရွှေ့သွားကြောင်း သိရှိရ၍ ပူးပေါင်း အဖွဲ့သည် ဆက်လက်စုံစမ်းဖော်ထုတ်ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ ကျော်သူရ အား ၂၈.၁၀.၂၀၁၈ ရက်နေ့ ၂၀၀၀ နာရီအချိန်ခန့်တွင် ကမာရွတ်မြို့နယ်၊

အမှတ်(၃)ရပ်ကွက်တွင် အနက်ရောင်ကျောပိုးအိတ်(၁)အိတ်နှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး ကျောပိုးအိတ်အတွင်းမှ သက်သေခံပစ္စည်းတစ်ချို့အားပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ကျော်သူရ အား စစ်ဆေးမေးမြန်းရာ ၎င်းအမှုမှကျောက်မျက်ရတနာရွှေထည်ပစ္စည်းများကို ခိုးယူခဲ့ပြီး ယခင်က ရင်းနှီးခဲ့ဖူးသူ ရွှေပန်းတိမ်ဆရာ အောင်သူမျိုး(ခ)သားကြီးနှင့် တွေ့ဆုံကာ

နီလာဆွဲကြိုး(၃)ကုံး၊ ပတ္တမြား ဆွဲကြိုး(၁)ကုံးတို့အား ကျောက်များထုတ်၍ရွှေများအား အရည်ကျို အတုံးပြုလုပ်ခဲ့ကြောင်း၊ စိန်ထုပ်(၁)ထုပ်အားရောင်းချခဲ့ကြောင်း၊ ကျောက်နီ ၂ ပွင့်အား လက်စွပ်လုပ်ရန်အတွက် အပ်နှံခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲ တပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ခိုးယူရရှိလာသော ရတနာပစ္စည်းများအား အထည်ဖျက်ပြုလုပ်ပေးသူ ကြည့်မြင်တိုင် မြို့နယ်၊ ဈေးကြီးအနောက်ရပ်ကွက်၊ ရတနာပုံလမ်းနေ အောင်သူမျိုး(ခ)သားကြီး အား

၂၈.၁၀.၂၀၁၈ ရက်နေ့ ၂၃း၀၀နာရီအချိန်တွင် ၎င်း၏နေအိမ်တွင်အပ်နှံ/ဝယ်ယူ/ ရောင်းချရန်ပေးထားသော သက်သေခံပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများဖြစ်သည့် ကျော်သူရနှင့် အောင်သူမျိုး တို့အား ဥပဒေအရအရေးယူဆောင်ရွက်လျက်ရှိပြီး သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.