Connect with us

Politics, Law & Military

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ငွေကျပ် ၂၃၁၀ သိန်းတန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား စိတ်ကြွရူးသွပ်ဆေးပြားများ နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ-မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့)

ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၇၇,၀၀၀ ပြား ဒေသ ကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၂၃၁၀ သိန်း အား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၂ ရက်နေ့ ၀၆း၃ဝ နာရီ ရွှေကူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ရွှေကူမြို့နယ်၊ မိုးစစ်-လိပ်စင်း ကျောက်ချောလမ်းဘေးသစ်တောအစပ်တွင် လိပ်စင်း-ကသာ သွားလမ်းမှ လိပ်စင်း-ရွှေကူ ကျောက်ချောလမ်းဘက်သို့ ရွှေကူမြို့နယ်၊ မြို့ကုန်းကျေးရွာနေ မမြဦး ၄၇ နှစ် စီးနင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ပေါ်တွင်တင်ဆောင်လာသော ကြိမ်ခြင်းအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၇၇၀၀၀ ပြား(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၃၁၀ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ရွှေကူမြို့မရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.