Connect with us

Politics, Law & Military

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်သို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ထွက်ခွာသွား


ရန်ကုန် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ကျင်းပမည့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဦးကျော်တင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ထူး၊ ဦးဆက်အောင်နှင့် တာဝန်ရှိသူများ လိုက်ပါ သွားကြကြောင်း သိရသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့စတင် ထွက်ခွာသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင် ပုဂ္ဂိုလ် နှင့် အဖွဲ့အား နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ်(ဓာတ်ပုံ – myanmar state counsellor office)

နိုင်ငံတော်၏ အတိုင်ပင် ပုဂ္ဂိုလ် နှင့် အဖွဲ့အား နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ်(ဓာတ်ပုံ – myanmar state counsellor office)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဦးမင်းသူ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ယာယီတာဝန်ခံ Mrs Li Xiaoyan၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံရုံး ယာယီတာဝန်ခံ Ms Dy Yoeun နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ခရီးစဉ် အပြီးတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာဆီနာ ပါတိုင်းတဲ့ချို ဟွန်ဆင် ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယား နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီး ဆက်လက် သွားရောက်မည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.