Connect with us

Politics, Law & Military

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ငွေကျပ် သိန်း ၃ဝဝ ကျော်တန်ဖိုးရှိ ဘိန်းစိမ်းများဖမ်းဆီးရမိ

ဘိမ်းပန်းအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (၃) ၏ သတင်းရယူ ဖော်ထုတ်မှုဖြင့် ယမန်နေ့က ငွေကျပ် သိန်း ၃ဝဝ ကျော်တန်ဖိုးရှိ ဘိန်းစိမ်းများ ဖော်ထုတ် သိမ်းဆည်းရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ မိုးညှင်းမြို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၃)မှ ရဲအုပ်ဇော်မျိုးဝင်း ဦးစီးတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေ များနှင့်အတူ ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာအုပ်စု လယ်ပြင်ပူးပေါင်း စစ်ဆေးရေး စခန်း၌ စောင့်ဆိုင်းနေစဉ် ဖိုးဇော် မောင်းနှင်လာသည့် Kenbo-125 (နံပါတ်မပါ) ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ခွကြားတွင် သယ်ဆောင်လာသည့် ပလတ်စတစ် ပုံးဝါအတွင်း ဘိန်းစိမ်းဟု ယူဆရသည့် အမည်းရောင်အစေး ၁ . ၄ ကီလိုအလေးချိန်ပါ အထုပ် ၁၂ ထုပ် (ဘိန်းစိမ်းအလေးချိန် ၁၆ ဒသမ ၈ ကီလို) ကာလတန်ဖိုးငွေကျပ် ၃ဝ၂ . ၄ သိန်းကို ရှာဖွေ သိမ်းဆည်း ရမိခဲ့သည်။
၎င်း၏ ထွက်ဆိုချက်အရ ကယားပြည်နယ် မိုးဗြဲမြို့နယ်နေ မောင်ရွှေဆိုသူက ငွေကျပ်၁ဝ သိန်းပေးကာ ဖားကန့်မြို့သို့ သယ်ဆောင်ခိုင်းခြင်း ဖြစ်ပြီး ဖားကန့်မြို့နေ သာမြင့်(ခ) သောကြာထံ ၎င်း၏ လက်ကိုင်ဖုန်း မှတစ်ဆင့် ဆက်သွယ်ပေးပို့ရန် ဖြစ်ကြောင်း ထွက်ဆိုသည်။ ထို့ကြောင့် ဖမ်းဆီးရေး အဖွဲ့သည် သာမြင့်(ခ) သောကြာကို ဆက်သွယ်ကြည့်
ရာ သာမြင့်သည် ဖားကန့်မြို့ မြို့မရပ်ကွက် အောင်ချမ်းသာ တည်းခိုခန်း၌ ရောက်ရှိနေကြောင်း သိရှိသဖြင့် ဖမ်းဆီးရေး အဖွဲ့က ဆက်လက်သွားရောက်ကာ သာမြင့်(ခ)သောကြာအား ဖမ်းဆီးခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် ဖိုးဇော် ၃၆ နှစ် မန္တလေးမြို့နေသူ၊ သာမြင့်(ခ)သောကြာ ၃၄ နှစ် ဖားကန့်မြို့နေသူနှင့် မောင်ရွှေ ၅၅ နှစ် (တိမ်းရှောင်) မိုးဗြဲမြို့နယ်နေသူတို့ သုံးဦးကို လုံးခင်းနယ်မြေ ရဲတပ်ဖွဲ့စခန်းက မယ(ပ) ၇၅/၂ဝ၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း သတင်း ရရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.