Connect with us

Politics, Law & Military

ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဆက်လက် ရှင်သန် တိုးတက် ခိုင်မာအောင် ဆောင်ရွက်ခဲ့ကြောင်း ပြည်နယ် အစိုးရ အဖွဲ့ရှင်းလင်း

ကရင်ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်(ဓာတ်ပုံ-The Mirror Daily)

ရန်ကုန် ၊ မတ် ၁၁ ရက်(ဆင်ဟွာ)

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ဦးဆောင်သည့် ကရင်ပြည်နယ်အစိုးရအဖွဲ့သစ် စတင် တာဝန် ထမ်းဆောင် ခဲ့သည့် အချိန်မှ စတင်ကာ ငြိမ်းချမ်းရေးရယူပြီးဖြစ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် လက်တွဲပြီး ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဆက်လက်ရှင်သန်တိုးတက်ခိုင်မာအောင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း အစိုးရ၏ ပြည်သူ့အတွက် ပထမ တစ်နှစ်တာ ဆောင်ရွက်ချက်များအား ရှင်းလင်းမှုများ အရ သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား အပြန်အလှန် လေးစားချစ်ခင်မှု၊ ယုံကြည်မှုများ တည်ဆောက်နိုင်ခဲ့ကြောင်း ငြိမ်းချမ်းရေး အခြေအနေ နှင့် စပ်လျဉ်း၍ ကရင်ပြည်နယ် အစိုးရ အဖွဲ့၏ တစ်နှစ်တာ ကာလ အတွင်း ပြုပြင်ပြောင်းလဲ တိုးတက်ရေး ဆောင်ရွက်နိုင်မှုများအား ပြည်နယ် ဝန်ကြီးချုပ်က ရှင်းလင်း ပြောကြားခဲ့သည်။ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်သည့် DKBA, KNU, KNU/KNLA-PC တို့သည် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်များကို လည်းကောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုလည်းကောင်း အားလုံး ပါဝင် လက်မှတ်ရေးထိုးကြပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့အတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တရားဥပဒေဘောင်အတွင်း တရားဝင် နေထိုင် ရပ်တည် နိုင်ရေး ကိစ္စရပ် များတွင် ပံ့ပိုးကူညီထောက်ပံ့ပေးမူ အခြေအနေများ ၊ ငြိမ်းချမ်း ရေးအဖွဲ့အစည်းများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကာ ဝင်ငွေရ ရှိစေရေး ဆောင်ရွက်မှု အခြေအနေများအား ကရင်ပြည်နယ် အစိုးရ အဖွဲ့မှ ရှင်းလင်းခဲ့သည်။

ထို့ပြင် ဒေသအတွင်း ဖြစ်ပွားခဲ့သည့် ပြဿနာရပ်များကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နှစ်ဦးနှစ်ဖက် ရင်းရင်းနှီးနှီး ညှိနှိုင်းတိုင်ပင် ခြင်းဖြင့် ငြိမ်းချမ်းရေးကို ဆက်လက်ခိုင်မာရှင်သန်ဖွံ့ဖြိုးအောင် တည်ဆောက် ထားနိုင်သည့် အတွက် NCA စာချုပ်ပါ လုပ်ငန်းစဉ်များနှင့်အညီ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၁၈ မှ ၂ဝ ရက်နေ့ထိ သုံးရက်တိုင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ကရင်)ကို ကိုယ်စားလှယ် ၆ဝဝ ဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ကရင်)မှ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနှင့် ပတ်သက်ပြီး ကရင်တိုင်းရင်းသားများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သယံဇာတ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများနှင့် ပတ်သက်သည့် ကရင်တစ်မျိုးသားလုံး၏ သဘောထားအမြင်များကို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံသို့ ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။“ကျွန်မတို့ ကရင်ပြည်နယ်အစိုးရက ပြည်နယ်လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် နောက်ပြီးတော့ ဌာနဆိုင်ရာတွေနဲ့ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်တဲ့အတွက် ကျွန်မတို့ ကရင်ပြည်နယ် ဟာ တစ်နှစ်အတွင်းမှာ သိသိသာသာကြီး တိုးတက်ဖြစ်ထွန်းလာတယ်လို့ ပြောနိုင် ပါတယ်”ဟု ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားခဲ့သည်။

ထို့ပြင် ကရင်ပြည်နယ် အတွင်း လမ်းပန်း ဆက်သွယ်ရေး ၊ သောက်သုံးရေ ရရှိရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ အားကစား ၊ လျှပ်စစ် ဓာတ်အား ကဏ္ဍရပ်များ နှင့် ဝန်ထမ်း အိမ်ရာများ တိုးတက် အကောင်အထည်ဖော် ဆောင်ရွက် ပေးမှု ၊ မြစ်ကမ်းထိန်း နံရံများ တည်ဆောက်မှု ၊ အထွေထွေ စသည့်တို့တွင် အကောင် အထည် ဖော် ဆောင်ရွက်မှုများအားလည်း ပြည်နယ် ဝန်ကြီးချုပ်က ရှင်းလင်းခဲ့သည်။(Xinhua)