Connect with us

Politics, Law & Military

ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် တစ်နှစ်တာ ကာလ အတွင်း ဥပဒေ ၂၀ ဆောင်ရွက်နိုင်ခဲ့

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၁၁ ရက်(ဆင်ဟွာ)

ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများ ကျင်းပခဲ့သည့် အချိန်မှ စတင်ကာ တစ်နှစ်တာ ကာလ အတွင်း ဥပဒေများကို ပြင်ဆင်ခြင်း ၊ ပြဋ္ဌာန်းခြင်း ၊ ရုပ်သိမ်းခြင်းများ ပြုလုပ်ခဲ့ရာ စုစုပေါင်း ဥပဒေ ၂၀ ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း အစိုးရ၏ ပြည်သူ့အတွက် ပထမ တစ်နှစ်တာ ဆောင်ရွက်ချက်များအား ရှင်းလင်းမှုများ အရ သိရသည်။

ထိုဥပဒေ ၂၀ တွင် အသစ် ပြဋ္ဌာန်းသည့် ဥပဒေ ၅ ခု ၊ ပြင်ဆင်သည့် ဥပဒေ ၉ ခု နှင့် ရုတ်သိမ်းသည့် ဥပဒေ ၆ ခု ရှိခဲ့ကြောင်း သိရသည်။ထို့ပြင် ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော်၏ လက်ကျန် သက်တမ်း လေးနှစ် ကာလတွင် နိုင်ငံ နှင့် နိုင်ငံသားများ အတွက် အကျိုးစီးပွားကို ဖော်ဆောင် ပေးနိုင်မည့် ဥပဒေများ ပြဋ္ဌာန်း ပေးနိုင်ရေး ဆောင်ရွက်လျက် ရှိရာ ဆွေးနွေးဆဲ ဥပဒေပေါင်း ၂၈ ခု ရှိကြောင်း သိရသည်။

ထိုဥပဒေ ၂၈ ခုတွင် လာမည့် ဘဏ္ဍာရေး နှစ် အတွင်း နိုင်ငံ တစ်ဝန်း ဆောင်ရွက်ကြမည့် စီမံကိန်းကြီးများတွင် ဘတ်ဂျက် သုံးစွဲမှုများ စနစ်တကျ ဖြစ်စေရေး ၊ အခွန်အကောက် စနစ်များ စနစ်တကျ ဖြစ်စေရေး နှင့် သက်ဆိုင်သည့် ကိစ္စများ ၊ နိုင်ငံသားများ၏ အခွင့်အရေး နှင့် လုံခြုံရေး အတွက် ကာကွယ်ပေးမည့် ကိစ္စများ ၊ နိုင်ငံခြားသားများ နှင့် သက်ဆိုင်သည့် ကိစ္စရပ်များ ၊ ဆည်မြောင်း တာတမံ နှင့် သက်ဆိုင်သည့် ကိစ္စများ ၊ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာရေး နှင့် ဆိုင်သည့် ကိစ္စရပ်များ ၊ သယ်ယူပို့ဆောင်ရေး နှင့် သက်ဆိုင်သည့် ကိစ္စရပ်များ ၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ အဆင်ပြေ ချောမွေ့စေရေး အတွက် ကုမ္ပဏီများ နှင့် သက်ဆိုင်သည့် ကိစ္စရပ်များ အတွက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ပြည်ထောင်စု လွှတ်တော်၏ သက်တမ်း ကာလ တစ်နှစ် အတွင်း နိုင်ငံတကာ နှင့် အပြည်ပြည်ဆိုင်ရာ စာချုပ်များ ၊ သဘောတူညီချက်များ စုစုပေါင်း ၁၅ ခု အတွက် လက်မှတ် ရေးထိုး ချုပ်ဆို နိုင်ရေး အတွက် လွှတ်တော် အတွင်း ကိုယ်စားလှယ်များက ဆွေးနွေး အတည်ပြု ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံတကာမှ ချေးငွေ ရယူရေး ကိစ္စ ၁၁ ခုကိုလည်း လွှတ်တော် ကိုယ်စားလှယ်များက ထောက်ခံ ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု လွှတ်တော်၌ သဘောတူ အတည်ပြု ပေးနိုင်ခဲ့ကြောင်း သိရသည်။ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် သက်တမ်းမှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ခဲ့ပြီး ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော်၏ ပထမ ပုံမှန် အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် စတင် ကျင်းပခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117