Connect with us

Politics, Law & Military

လောက်ကိုင ်နှင့် ကုန်းကြမ်းမြို ့နယ်များတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား

လောက်ကိုင် ဒေသ တည်နေရာပြ မြေပုံ(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၁၁ ရက်(ဆင်ဟွာ)

လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ် တို့တွင် မတ်လ ၁၀ ရက် မှ စတင်၍ ညမထွက်ရအမိန့် ပုဒ်မ-၁၄၄ ထုတ်ပြန်ထားကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ ယနေ့မတ် ၁၁ ရက်တွင် အသိပေး ဖော်ပြခဲ့သည်။

လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ်တို့တွင် ည ၉နာရီမှ နံနက် ၆နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ-၁၄၄ ထုတ်ပြန်ခဲ့ပြီး မြို့နယ်များ အတွင်း အသံချဲ့စက်များဖြင့် လှည့်လည် ကြေညာခဲ့ကြောင်း သိရသည်။(Xinhua)