Connect with us

Politics, Law & Military

ကရင် ၊ တနသာၤရီ နှင့် နေပြည်တော် ကောင်စီ နယ်မြေများအတွက် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီများ ဖွဲ့စည်း

အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီများ ဖွဲ့စည်းကြောင်း အမိန့် ကြေငြာစာအား တွေ့ရစဉ်(ဓာတ်ပုံ-Myanmar State Counsellor Office)

ရန်ကုန် ၊ ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ)

ကရင်ပြည်နယ် ၊ တနသာၤရီ တိုင်းဒေသကြီးနှင့် နေပြည်တော် ကောင်စီ နယ်မြေများ အတွက် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီများ ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီမှ ဒီဇင်ဘာ ၂၉ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

ထိုအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီများတွင် တိုင်းရင်းသား လူမျိုး ရေးရာ ဝန်ကြီး ၊ နေပြည်တော် ကောင်စီဝင် ၊ တပ်မတော် ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၊ တိုင်းရင်းသား လက်နက်ကိုင် ၊ နိုင်ငံရေး ပါတီ စသည့် ကော်မတီ အလိုက် တစ်ခုလျှင် ၉ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ထိုကော်မတီများသည် နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ပါ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီမှ အတည်ပြုထားပြီး ဖြစ်သော ပြဌာန်းချက်များ ၊ သက်ဆိုင်ရာ လုပ်ငန်း လမ်းညွန်များနှင့် အညီ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်စေရေး ၊ စနစ်တကျ ရှိစေရေး ၊ လုပ်ငန်း လမ်းညွန်များနှင့် ညီညွတ်စေရေး တို့အတွက် ကြိုးပမ်း ဆောင်ရွက် သွားရန် ဖြစ်ကြောင်း သိရသည်။

ယခုအခါ နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်ပါ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဝါဒများ ၊ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်း လမ်းညွန်များနှင့် အညီ လူမျိုးကို အခြေခံသည့် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ကရင် ပြည်နယ်တွင် လည်းကောင်း ၊ ဒေသကို အခြေခံသည့် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို တနသာၤရီ တိုင်းဒေသကြီးတွင် လည်းကောင်း ၊ အကြောင်းအရာကို အခြေခံသည့် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို (CSO Forum)ကို နေပြည်တော် ကောင်စီ နယ်မြေတွင် လည်းကောင်း စတင် ကျင်းပရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.