Connect with us

Politics, Law & Military

မဏ္ဍိုင် လေးရပ် ဆွေးနွေးပွဲ ရလဒ်များကို အကောင်အထည် ဖော်ကြရန် ပြန်ကြားရေးဝန်ကြီး တိုက်တွန်း

မဏ္ဍိုင် လေးရပ် အလုပ်ရုံဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့် အဖွင့် အမှာစကား ပြောနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနအစည်းအဝေးခန်းမတွင်ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ဟူသည့် မဏ္ဍိုင် သုံးရပ်က တစ်ဘက်၊ မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီနှင့် ဒေသတွင်း သတင်းထောက်များ ကိုယ်စားပြု သတင်းသမားများက တစ်ဘက် ်မဏ္ဍိုုင်လေးရပ် တွေ့ဆုံသည့် အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၅ း ၁၅ နာရီအထိပြုလုပ်ခဲ့ရာ သဘောတူညီချက် ၁၆ ချက် ရရှိခဲ့ပြီး အဆိုပါ သဘောတူညီချက် များကို ဆက်လက်၍တက်တက်ကြွကြွ အကောင်အထည်ဖော်ကြရန် ပြည်ထောင်စု ဝန်ကြီးက တိုက်တွန်းခဲ့ကြောင်းသိရသည်။

ထို ရလဒ် ၁၆ ချက်တို့မှာ ဌာနဆိုင်ရာများတွင် သတင်းယူသည့် အခါ အထောက်အထား လည်ဆွဲကဒ်များ ချိတ်ဆွဲထားရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များတွင် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်နှင့် အဖွဲ့ ထားရှိရန် နှင့် အသစ်ပြောင်းလဲမှုရှိပါက update လုပ်ပေးရန်၊ သတင်းထောက် အခြေခံကျင့်ဝတ်ဆိုင်ရာ သင်တန်းများ ပေးရန်နှင့် အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူများနှင့် ပူးပေါင်းပြီး သင်တန်းများ ပေးရေးကို မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီက စီစဉ်ရန်၊ ဒေသဆိုင်ရာ မီဒီယာ သမားများ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပေးရန်၊ ဌာနဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူများကို သီးသန့်ခန့်ထားပြီး တာဝန်နှင့် အခွင့်အရေးများ သတ်မှတ်ပေးရန်၊ သတင်းရယူခြင်း၊ ဌာနဆိုင်ရာက သတင်း ထုတ်ပြန်ခြင်းများကို သတင်း မီဒီယာ ဥပဒေနှင့် အညီ လိုက်နာ ဆောင်ရွက်ကြရန်၊ တရားရုံး အဆင့်ဆင့်တွင် သတင်းများ ရယူရာ၌ တရားရုံး သတင်း မီဒီယာ လက်စွဲနှင့်အညီ သက်ဆိုင်ရာ တရားရုံး သတင်းပြန်ကြားရေး အရာရှိများက ပူးပေါင်း ဆောင်ရွက် ပေးရန်၊ မီဒီယာသမားများ၏ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်များကို သက်ဆိုင်ရာ ဌာနများသို့ ပြန်လည် ပေးပို့ရန်၊ ထုတ်ပြန်သင့်သည့် ဌာနအလိုက် သတင်းများကို အချိန်မီ ထုတ်ပြန်နိုင်ရေး၊ ပြန်ကြားရေး ဝန်ကြီးဌာနသို့ပေးပို့နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများက ကြိုတင် ဆောင်ရွက်ထားရန်၊ အစိုးရဌာနများနှင့် လွှတ်တော်များတွင် Press Corner ထားရှိပေးရန်၊ သတင်းမီဒီယာ ကောင်စီက သတင်းထောက်များ ကျင့်ဝတ် လိုက်နာမှု ရှိစေရေး ဆောင်ရွက်ပေးရန်၊ သတင်း မီဒီယာ သမားများနှင့် မဏ္ဍိုင် သုံးရပ် အဖွဲံ့များ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးရန်နှင့် ဒေသဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများကို တိုင်းဒေသကြီး ပြည်နယ်များတွင်လည်း ဆက်လက် ကျင်းပရေး ညှိနှိုင်း ဆောင်ရွက်ရန်၊ နားလည်မှု လွဲမှားသော သတင်းများနှင့် ပတ်သက်၍ သက် ဆိုင်ရာ တာဝန်ခံ အယ်ဒီတာများကို ဦးစွာ ဆက်သွယ် ဆွေးနွေးရန်၊ တိုင်းဒေသကြီး ပြည်နယ် အစိုးရ ဌာန ဆိုင်ရာ တာဝန်ရှိသူများက တိုင်းရင်းသား မီဒီယာသမားများ သတင်းရယူရာတွင် တန်းတူအခွင့်အရေး ပေးရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် သတင်းရယူရာတွင် သတင်း ပုံမှန်ရယူမည့် သတင်းထောက်အား တစ်နှစ် သက်တမ်း သက်သေခံ ကတ်ပြား ထုတ်ပေးရန်၊ မီဒီယာ သမားများအား ခွဲခြား ဆက်ဆံမှု မရှိစေရေး ဆောင်ရွက်ပေးရန် ဟူ၍ ဖြစ်ကြသည်။

အဆိုပါ မဏ္ဍိုင် လေးရပ် အလုပ်ရုံ ဆွေးနွေးပွဲသို့ ဥပဒေပြုအဖွဲ့မှ လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦး၊ တရားစီရင်ရေးအဖွဲ့မှ တရားရေး အရာရှိကြီး ရှစ်ဦး၊ အုပ်ချုပ်ရေးအဖွဲ့မှ အရာရှိကြီး ၂၄ ဦး၊ တိုင်းဒေသကြီး ပြည်နယ် အစိုးရ အဖွဲ့များမှ အရာရှိကြီး ၁၆ ဦး၊ သတင်းမီဒီယာ ကောင်စီဝင် ၁၈ ဦး၊ သတင်းမီဒီယာ ကောင်စီ ရုံး အဖွဲ့ဝင် ခြောက်ဦး၊ သတင်းဌာနများမှ ကိုယ်စားပြု သတင်းစာဆရာ ၁၂ ဦး၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး အပါအဝင် ၁၁ ဦးတို့တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.