Connect with us

Politics, Law & Military

ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် က ခြောက်လတာ အသုံးစရိတ်များ လျော့နည်းတောင်းခံထားကြောင်း လွှတ်တော် ၌ ပြောကြား

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော် ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

၂၀၁၈ ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လတာ ဘတ်ဂျက် အသုံးစရိတ်ကို ကျပ် ၆၁၁ ဒသမ ၀၈ ဘီလီယံတောင်းခံခဲ့ရာ ယခင်အလားတူ ကာလထက် ကျပ် ၁၁၈ ဘီလျံကျော် လျော့နည်းပြီး တောင်းခံထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ယမန်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ရှင်းလင်း တင်ပြခဲ့သည်။

“၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပထမ ခြောက် လ၌ ၇၇၈ ဒသမ ၁၂၅ ဘီလီယံ ၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် ပထမ ခြောက်လ၌ ၁၄၅၂ ဒသမ ၅၈၉ ဘီလီယံ ၊ ၂၀၁၈ ဘဏ္ဍာနှစ် ဧပြီမှ စက်တင်ဘာလအထိ အသုံးစရိတ် စုစုပေါင်း ၁၃၃၄.၁၉၄ ဘီလီယံ ၊ တောင်ခံခဲ့သည့်အတွက် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် ပထမ ခြောက် လပတ် အသုံးစရိတ်ထက် ၁၁၈ ဒသမ ၃၉၅ ဘီလီယံ လျှော့နည်း တောင်းခံထား ခြင်း ဖြစ်ပါတယ်” ဟု ဘဏ္ဍာနှစ် သုံးနှစ်၏ ပထမ ခြောက်လများ အတွင်း ကာကွယ်ရေး ဝန်ကြီးဌာန၏ အသုံးစရိတ် တောင်းခံမှုတို့ကို နှိုင်းယှဉ်ဖော်ပြလျက် ဒုတိယ ဝန်ကြီးက ပြောခဲ့ခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွက် အမျိုးသား စီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်ပြီး ကာကွယ်ရေး ဝန်ကြီးဌာန၏ အသုံးစရိတ် တောင်းခံမှုမှာ ငွေလုံး ငွေရင်း အသုံးစရိတ်တွင် ကျပ် ၆၁၁ ဒသမ ၀၈ ဘီလီယံ ဖြစ်သောကြောင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ် ပထမ ခြောက်လထက် ၁၄ ဒသမ ၃၅၃ ဘီလီယံ လျှော့နည်းကြောင်း၊ သာမန် အသုံးစရိတ် တွင် ၇၂၃ ဒသမ ၁၃၇ ဘီလီယံ ဖြစ်၍ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်ထက် ၁၀၄ ဒသမ ၀၄၂ ဘီလီယံ လျှော့နည်းကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။ (Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.