Connect with us

Politics, Law & Military

ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျပ်သန်း ၁၆၆၀ လျာထား ဟုဆို

၂၀၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူတစ်ဦး မဲပေးနေစဉ် (ဆင်ဟွာ)

နေပြည်တော် ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

လွှတ်တော် ကိုယ်စားလှယ် လစ်လပ်နေရာများအတွက် ၂၀၁၈ ခုနှစ်အတွင်း ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ကျပ်သန်း ၁၆၆၀ ကျော် သုံးစွဲသွားရန် လျာထားသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်က ယမန်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

“၂၀၁၈ ဘဏ္ဍာရေးနှစ် ဧပြီလ မှ စက်တင်ဘာလ ခြောက်လအတွက် သာမန် အသုံးစရိတ်ငွေမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ တိုင်းဒေသကြီး ပြည်နယ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း ဒေသ ခရိုင် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးများအတွက် ကျပ်သန်း ၂၈၃၄ ဒသမ ၀၅၆ နှင့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကျပ်သန်း ၁၆၆၁ ဒသမ ၆၁၆ ဖြစ်ပါတယ်၊ — စုစုပေါင်း သာမန်အသုံးစရိတ် ကျပ်သန်း ၄၄၉၅ ဒသမ ၆၇၂ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ၏ အမျိုးသား စီမံကိန်း လုပ်ငန်းစဉ်များကို လွှတ်တော်သို့ တင်ပြပြီး ခြောက်လတာ တ်ဂျက်အတွက် တင်ပြ တောင်းခံရာတွင် ကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကော်မရှင်၏ ရငွေများနှင့် ပတ်သက်ပြီး သာမန်ရငွေ၊ ငွေလုံးငွေရင်း ရငွေများ ရရန်မရှိသဖြင့် တင်ပြရန် မရှိကြောင်းလည်း ၎င်းက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.