Politics, Law & Military
ငွေကျပ် သိန်း ၄၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ မရမ်းကုန်းမြို့နယ်တွင် ဖမ်းဆီးရမိ
ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)
မရမ်းကုန်းမြို့နယ်တွင် ငွေကျပ် သိန်း ၄၆၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ ၁၁၃၅ အချိန် မူးယစ်တပ်ဖွဲ့စု (၄၁) ရန်ကုန် (အရှေ့) မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သီရိမွန်ပလာဇာဝန်း၊ လုံးချင်းအိမ်ယာ၊ သီရိမွန် ၁၀လမ်း၊ Galaxy Star Motel ရှေ့လမ်းတွင် စိုင်းပြည့်ကျော် မောင်းနှင်ပြီး သန်းအောင် လိုက်ပါလာသည့် မော်တော်ယာဉ်အားရှာဖွေရာ ယာဉ်၏ အလယ်ခန်းရှိလက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား၁၃၂,၀၀၀ပြားနှင့်လက်ကိုင်ဖုန်းနှစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့သဖြင့်သန်းအောင်(၅၆)နှစ်နှင့် စိုင်းပြည့်ကျော် (၃၀)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)