Connect with us

Politics, Law & Military

ရခိုင် ပြည်နယ် အရေး အခြေအနေ အမှန် သိရှိနိုင်ရေး ပြည်တွင်း ၊ ပြည်ပ မီဒီယာများ သတင်း ရယူခဲ့

မောင်တော ဒေသ အတွင်း သတင်း မီဒီယာများ သွားရောက် သတင်းရယူရန်စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် အရေး အခြေအနေ အမှန် သိရှိနိုင်ရေး ရည်ရွယ်သော မောင်တော ဒေသ ခရီးစဉ် တစ်ခုအား တပ်မတော်၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံ အခြေစိုက် ပြည်တွင်း ၊ ပြည်ပ သတင်း ဌာနများမှ သတင်းမီဒီယာ များသည် စက်တင်ဘာ ၂၇ ရက်တွင် သွားရောက် သတင်း ရယူခဲ့သည်။

ထိုဒေသ၌ တပ်မတော်က လူမျိုးတုံး သတ်ဖြတ်ခြင်း ၊ မတရား လုပ်ဆောင်နေခြင်းများ ပြုလုပ်နေသည်ဟု စွပ်စွဲချက်များ မဟုတ်မှန်ကြောင်းအား သိစေချင်ပြီး နယ်မြေအခြေအနေအား မှန်ကန်စွာ သိမြင်စေချင်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ၊ ပြည်သူ့ဆက်ဆံရေး နှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်းက သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

ဗိုလ်ချုပ် အောင်ရဲဝင်းက “အဓိက သိစေချင်တာကတော့ လူမျိုးတုန်း သတ်ဖြတ်နေတာ မဟုတ်ဘူး။ဘယ်သူက လူများစု ဖြစ်လဲ။ ဘယ်သူက လူနည်းစု ဖြစ်လဲ။မှန်မှန်ကန်ကန် မျှမျှတတ သိဖို့လိုပါတယ်။ဒီနယ်မြေမှာတော့ ဘင်္ဂါလီ လူဦးရေက သိန်းနဲ့ချီ ရှိပါတယ်။ဒေသခံ တိုင်းရင်းသားတွေရော ၊ ဟိန္ဒူတွေရောက လူနည်းစု ဖြစ်ပါတယ်။ ဘယ်သူက ဘယ်သူကို သတ်နေတာလဲ မြေပြင်မှာ မျက်ဝါးထင်ထင် မြင်စေချင်ပါတယ်။ သိစေချင်ပါတယ်။ဒါကြောင့် သတင်းမီဒီယာများကို ခေါ်လာခြင်း ဖြစ်ပါတယ်။”ဟု သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရသည့် ဟိန္ဒူဘာသာဝင်များ၏ ဆွေမျိုးသားချင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရသည့် ဟိန္ဒူဘာသာဝင်များ၏ ဆွေမျိုးသားချင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

မောင်တော် ဒေသ အတွင်း ဈေးဖွင့်လှစ် ရောင်းချနေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

မောင်းတော ဒေသ အတွင်းရှိ ပန်းတောပြင် ကျေးရွာရှိ ဘင်္ဂါလီ ကလေးငယ်များအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ အခြေစိုက် ပြည်တွင်း ၊ ပြည်ပ သတင်း ဌာနများမှ သတင်းမီဒီယာများအား ဟိန္ဒူ ဘာသာဝင်များ၏ ရုပ်အလောင်းများ ရှာဖွေ တူးဖော် တွေ့ရှိသည့် မောင်တော မြို့နယ် ၊ ရဲဘော်ကျ ကျေးရွာ အနီးသို့လိုက်လံ ပြသခဲ့သည်။

ထို့အတူ နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှ ရဲမှူးကြီး ဥက္ကာကို နှင့် ဟိန္ဒူ ဘာသာဝင် ကူညီရေး ခေါင်းဆောင် တို့က ARSA အကြမ်းဖက် သမားများက ဟိန္ဒူဘာသာဝင်များအား ဖမ်းဆီး ခေါ်ဆောင်မှု နှင့် သတ်ဖြတ်ခံခဲ့ရသည့် အခြေအနေများ ၊ သတင်း ဆက်သွယ် ရရှိမှုများ အပေါ် လိုက်လံ ရှာဖွေ တွေ့ရှိခဲ့ရသည့် အခြေအနေများအား ရှင်းလင်း ပြောကြားခဲ့သည်။

ထိုနေရာ အနီး တဝိုက်တွင် သေဆုံးသွားသူများ၏ ကျန်ရစ်သူ ဆွေမျိုးသားချင်း မိသားစုဝင်များက ပြည်တွင်း ၊ ပြည်ပ သတင်း မီဒီယာများ နှင့် တွေ့ဆုံရာတွင် ဟိန္ဒူ ဘာသာဝင် မိသားစုဝင်များ သေဆုံးခဲ့ရမှု ဖြစ်စဉ်များ အပေါ် မေးမြန်းမှုများအား ဖြေကြားပေးခဲ့သည်။

ARSA အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှုကြောင့် ဟိန္ဒူဘာသာဝင် ၅၂ ဦး သေဆုံးခဲ့ရပြီး စုစုပေါင်း ၁၉၂ ဦး ပျောက်ဆုံး လျက် ရှိကြောင်း တရားဝင် သတင်း ထုတ်ပြန်မှုများ အရ သိရသည်။

မောင်တော ဒေသအတွင်း ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့မှ စတင်၍ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၆ ရက် အထိ ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၆၃ ဦး၊ ပျောက်ဆုံး နေသူ ၉၁ ဦး၊ စုစုပေါင်း ဆုံးရှုံးမှု (သေဆုံး/ပျောက်ဆုံး) ၂၅၄ ဦး ရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့အတူ မောင်တော မြို့နယ်ရှိ ပန်းတောပြင် ကျေးရွာသို့သွားရောက်ခဲ့ရာ ကျေးရွာနေ ဘင်္ဂါလီ လူမျိုးများ နှင့် တွေ့ဆုံခဲ့ရပြီး နယ်မြေ ဒေသ အခြေအနေများ ၊ ဖြစ်စဉ် ဖြစ်ပွားမှု အခြေအနေများအပေါ် သတင်း မီဒီယာများ၏ မေးမြန်းမှုများအား ဖြေကြားခဲ့သည်။

ပန်းတောပြင် ကျေးရွာရှိ ဒေသခံ တစ်ဦးက အကြမ်းဖက်မှုများအား လုံး၀ လက်မခံကြောင်း ၊ အေးချမ်းစွာ နေထိုင်လိုပါကြောင်း သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

ယခု လက်ရှိ အချိန်တွင် မောင်တော ဒေသ အခြေအနေမှာ လုံခြုံရေး အရ ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း ၊ ပုံမှန် အခြေအနေ အတိုင်း သွားလာခြင်းများအား ကန့်သတ်ထားမှုများလည်း မရှိကြောင်း ၊ ဈေးများလည်း ပုံမှန် ဖွင့်လှစ်မှုများ ရှိကြောင်း ၊ လိုအပ်ချက်များ ရှိပါက အစ္စလမ် ဘာသာဝင် ၊ ဟိန္ဒူ ဘာသာဝင် နှင့် တိုင်းရင်းသားများ အားလုံးကို လက်လှမ်းမီသရွှေ့တောက်လျှောက် ထောက်ပံ့ပေးနေကြောင်း မောင်တော ခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ် က သတင်းမီဒီယာများအား ရှင်းလင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.