Politics, Law & Military
စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံး မူလအတွင်းဝန်ရုံးကို လှည့်လည် ကြည့်ရှု
ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးသည် ယနေ့ နံနက်ပိုင်းတွင် ၎င်း၏ရန်ကုန်မြို့ ခရီးစဉ်အတွင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ သန့်မြင့်ဦးနှင့် အတူ မူလ အတွင်းဝန်ရုံးကို လှည့်လည် ကြည့်ရှုခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်အရ သိရသည်။
မူလ အတွင်းဝင်ရုံးဝင်း အတွင်းရှိ ပါလီမန် အဆောက်အအုံဟောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံ့ ခေါင်းဆောင်များ ၁၉၄၇ ခုနှစ်က လုပ်ကြံခံခဲ့ရသည့် အခန်းတို့ကို အတူတကွ လေ့လာကြည့်ရှုခဲ့ဲကြကြောင်း၊ ထို့နောက် ဝန်ကြီးချုပ်နှင့်အတူ ဒေါက်တာသန့်မြင့်ဦးသည် ရန်ကုန်မြို့လယ် မဟာဗန္ဓုလ ပန်းခြံသို့ မော်တော်ယာဉ်နှင့် သွားရောက်ကာ လှည့်လည် ကြည့်ရှုပြီးနောက် ရန်ကုန်မြို့ မြင်ကွင်းကို ဆာကူရာတာဝါပေါ်မှ အတူတကွ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီရှန်လုံးသည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးအလည်အပတ်အဖြစ် ဇွန်လ ၇ ရက်မှ ၉ ရက် အထိ လာရောက်ခြင်းဖြစ်သည်။ (Xinhua)