Politics, Law & Military
စစ်ကိုင်းတိုင်းဒေသကြီး၌ တရားမဝင်ရွှေသတ္တုတူးဖော်၍ မြေပိကာ လူတစ်ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်အတွင်းရှိ ကျွဲကျိုးတောင်(ခ)ကျောက်ဖျာကောတောင်တွင် အမျိုးသား တစ်ဦး တရားမဝင်ရွှေတူးဖော်ရာမှ မြေပိသေဆုံးခဲ့ေ ကြာင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ကောလင်း မြို့နယ်အတွင်းရှိ ကျွဲကျိုးတောင်(ခ)ကျောက်ဖျာကော တောင်ပေါ်တွင် နိုဝင်ဘာ ၂၄ ရက်က တရားမဝင်ရွှေတူးဖော်ရာမှ ကောလင်းမြို့နယ် အထက် သီတရာကျေးရွာနေ အမျိုးသားတစ်ဦး
မြေပိသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ သေဆုံးသူအား စစ်ဆေးပြီး ကာလင်းမြို့မရဲစခန်း က အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။(xinhua)