Connect with us

Politics, Law & Military

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၈မြို့နယ်မှ ဘိန်းစိုက်ခင်း ၁၃၃ ဒသမ ၅ ဧကကျော် ဖျက်ဆီး

ရှမ်းပြည်နယ်အတွင်းရှိ ဘိန်းခင်းများဖျက်ဆီနေမှုအားတွေ့ရစဉ်(CCDAC)

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်အတွင်းရှိ ပင်လောင်း၊ ဟိုပုံး၊ ဖယ်ခုံ၊ ဆီဆိုင်၊ မောက်မယ်၊ မိုးနဲ၊ မိုင်းပန်နှင့် တွန်းဇံမြို့နယ်တို့၌ နိုဝင်ဘာ ၂၆ ရက်က ဘိန်းစိုက်ခင်း ၁၃၃ဧက ကျော် ဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ပင်လောင်း မြို့နယ် ထီတလိကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ၌ ဘိန်းခင်းစုစုပေါင်း ၃၅ ဧက၊  ငှက်ပျောပင် ကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့် အကွာရှိ ဘိန်းခင်း စုစုပေါင်း ၂၅ ဧကတို့အပြင် ၊ ဟိုပုံး၊ ဖယ်ခုံ၊ ဆီဆိုင်၊ မောက်မယ်၊ မိုးနဲ၊ မိုင်းပန်နှင့် တွန်းဇံမြို့နယ်တိုရှိ ဘိန်းလင်းများကိုလည်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ခုနှစ် ဘိန်းစိုက်ရာသီ၌ ပင်လောင်းမြို့နယ်တွင် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၂၆ ရက်နေ့အထိ ဘိန်းခင်း ၄၂၄ ဧကနှင့် ဖယ်ခုံမြို့နယ်တွင် အောက်တိုဘာလ ၂၈ ရက်နေ့မှ နိုဝင်ဘာလ ၂၆ ရက်နေ့အထိ ဘိန်းခင်း ၁၆၆ ဧက တို့အား ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117