Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီး၌ ကျပ် သိန်းပေါင်း တစ်သောင်းကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ကသာမြို့နယ်အတွင်း ဖမ်းဆီးရမိသော ဘိန်းဖြူ၊စိတ်ကြွရူးသွပ်ဆေးပြားများနှင့် တရားခံအားတွေ့ရစဉ်(CCDAC)

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်း ကျပ် သိန်းပေါင်း တစ်သောင်းကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးများ တားဆီးနိုမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၆)ကသာမှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ကသာမြို့နယ်မှ ငွေကျပ် ၅၇ဝဝ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ငွေကျပ် ၄၄၁ဝ သိန်းတန်ဖိုးရှိ ဘိန်းဖြူများကို ဒီဇင်ဘာ ၁၂ ရက် နေ့လည်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အင်းတော်မြို့ နယ်၊ ရွှေဘို – မြစ်ကြီးနားသွားကားလမ်းနှင့် နန့်မကျိုင်းကျေးရွာသွားလမ်းဆုံတွင် အင်းတော်မြို့ဘက်မှ ရှမ်းပြည်နယ်၊ သိန္နီမြို့၊ ရပ်ကွက်(၃)နေ သန်းဇော်လင်း ၄၃ နှစ် မောင်းနှင်ပြီး သိန္နီမြို့၊ ရပ်ကွက်(၄)နေ ကျော်လောက်အေ(ခ)မြင့်ဝင်း ၃ဝ နှစ်လိုက်ပါလာသည့် ယာဉ်အမှတ် —- VOXY အမျိုးအစား မော်တော်ယာဉ် အားရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းရှိ အဖြူရောင်ဆာလာအိတ်အတွင်း ပလတ်စတစ်ကပ်ခွာအိတ် များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၁၄,ဝဝဝ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅,၇ဝဝ သိန်း)နှင့် ပီနံလက်ဆွဲအိတ် ၂ လုံးအတွင်းမှ ရောင်စုံဆပ်ပြာခွက် ၄၄၁ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၄.၄၁ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၄၁ဝ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ အင်းတော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေး လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.